နေမကောင်းဖြစ်နေတာတောင် မြန်မာဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ မအေးသောင်း

Posted on - Nov 8 []

Thiha Htun

စာရေးသူ

ယောက်ျားလေးပရိသတ်ထုကြီးရဲ့ သဲသဲလှုပ်ဝန်းရံခံနေရတဲ့ အေးဝတ်ရည်သောင်းဟာ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကို သူမရဲ့ ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ အေးသောင်းလို့ပဲ ခေါ်ဝေါ်ကြတာလည်းဖြစ်ပါတယ်။ အေးသောင်းဟာ ငယ်စဉ်ကတည်းက အနုပညာလောကထဲရောက်ရှိနေတာဖြစ်ပြီး အောင်မြင်မှုကို ယနေ့ထက်တိုင် ထိန်းသိမ်း ထားနိုင်သူလည်းဖြစ်ပါတယ်။

မအေးသောင်းဟာ မြန်မာ ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ သူ့ရဲ့ပုံရိပ်တွေကို ရေများများသောက် ကျန်းမာရေးဂရုစိုက်ပြီး သူပြောတဲ့ အတိုင်းနေလည်း ဖျားတာပဲဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းဟာ ခုချိန်မှာ အသက် (၃၀) ကျော်အရွယ်ကိုရောက်ရှိနေတာဖြစ်ပေမယ့် လူငယ်တွေနဲ့ အပြိုင် လှနေသူလည်းဖြစ်ပါတယ်။ အချစ်ရေးမှာတော့ အေးဆေးတည်ငြိမ်နေပြီးအိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီး single အဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုတစိုက်မတ်မတ်လုပ်ကိုင်နေရင်း သူမရဲ့ ချစ်ဖို့ကောင်းတဲ့ပုံရိပ်တွေကို ပရိသတ်တွေဆီမျှဝေပေးလေ့ရှိသူလည်းဖြစ်ပါတယ်။မိုမိုလေးပရိသတ်တွေရောမအေးသောင်းကို ချစ်ကြသေးရဲ့လား။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။

Ref:Aye Thaung' FB
Leo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။