ပြင်သစ်ကစားသမားအတွက် ဆာလာ အပါအ၀င် အလိုက်ပေးကမ်းလှမ်းဖို့ ရှိနေတဲ့ လီဗာပူး

Posted on - Nov 8 []

Tun Htet Aung

စာရေးသူ

အင်္ဂလန်ထိပ်သီးကလပ် လီဗာပူးအသင်းကတော့ ရီးရဲအသင်းနဲ့ ကစားသမားခေါ်ယူရေး တိုက်ပွဲထဲကို ပါဝင်လာခဲ့ပါပြီ။ လီဗာပူးအသင်းကတော့ အဆိုပါ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို (၂၁၅) သန်းအပြင် အသင်းရဲ့ အဓိက တိုက်စစ်မှူးမိုဟာမက်ဆာလာ ကိုပါအလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

စပိန်မီဒီယာတွေ ဖော်ပြချက်အရ လီဗာပူးနည်းပြ ဂျာဂျင်ကလော့ ကလာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းအတွက် ပြောင်းရွှေ့ကြေးအများအပြားအသုံးပြုပြီး PSG လူငယ်တိုက်စစ်မှူး ဘတ်ပီ ကိုအရခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဖော်ပြနေကြတာပါ။

အသက်(၂၂) နှစ်အရွယ်သာ ရှိသေးတဲ့ ကမ္ဘာ့ဖလားဆုရှင် ဘတ်ပေ ကတော့ ရီးရဲအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ပြီး လီဗာပူးအသင်းခေါ်ယူချင်တယ်ဆိုရင်တော့ စွဲမက်စရာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးအပြင် လုပ်ခလစာအများအပြား နဲ့ကမ်းလှမ်းရမှာပါ။ ဒါ့အပြင် နက်ခ်ကီ ကလည်း ဘတ်ပေ ကို လီဗာပူးအသင်းအရခေါ်ယူ နိုင်ဖို့အတွက် ငွေးကြေးအင်အား စိုက်ထုတ်ကူညီသွားမှာ ဖြစ်ပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း တစ်ချိန်က ရီးရဲမက်ဒရစ်အသင်းဟာ သူ့ရဲ့ငယ်ဘ၀ အိပ်မက်အသင်း ဖြစ်တယ်လို့ ဖွင့်ဟ ၀န်ခံခဲ့တာကြောင့် ဒီအပြောင်းအရွှေ့မှာ ရီးရဲအသင်းက ပိုအသာစီးရနေတာ ဖြစ်ပါတယ်။

၂၁ ရာစုရဲ့ ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခုဖြစ်လာဖို့ ရှိနေတဲ့ လူငယ်ကြယ်ပွင့် ဘတ်ပေရဲ့ အပြောင်းအရွှေ့ တွေကတော့ လတ်တလောမီဒီယာတွေရဲ့ မျက်စိကျစရာ သတင်းဖြစ်နေပြီး ဒီအပြောင်းအရွှေ့ တကယ်ဖြစ်ပေါ်လာ မလားဆိုတာကိုတော့ စောင့်ကြည့်ကြရအောင်ပါ။

Ref; Sportbible
Timothy(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။