ပြည်ရွှေဆံတော်မှာ နှစ်ကိုယ်တူ ဘုရားဖူးခဲ့ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံ

Posted on - Nov 8 []

Myint Myat

စာရေးသူ

"ဥပါယ်တံမျဉ်" "မုဒြာခေါ်သံ" အစရှိတဲ့ အရည်အသွေးမြင့် ရုပ်ရှင်ကားတွေနဲ့ မြန်မာပရိသတ်တွေ ရဲ့ တစ်ခဲနက်အားပေးခြင်း ခံခဲ့ရတဲ့သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံကတော့ ပရိသတ်တွေကို အကောင်းဆုံးသော အနုပညာတွေချည်းပဲ ချပြဖို့ကြိုးစားနေကြတာပါ။ လတ်တလောမှာတော့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့နှစ်ဦးက သူတို့နှစ်ယောက်ရဲ့တတိယမြောက်ရုပ်ရှင်အတွက် နယ်တွေလှည့်ပြီး ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံနေကြတာဖြစ်ပြီး၊ Fan Meeting အတွက်လည်း ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ ဇဏ်ခီကတော့ အလုပ်ကိစ္စနဲ့ ခရီးထွက်ရင်း ချစ်ဇနီးနဲ့အတူ ပြည် ရွှေဆံတော်ဘုရား အတူဖူးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဘယ်အချိန်ကြည့်ကြည့် Romantic ဆန်ပြီး ကြည်နူးစရာတွေ ပြည့်နှက်နေတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံရဲ့ဘုရားဖူးပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇဏ်ခီကတော့ " ပြည်ရွှေဆံတော်မှာ ဘုရားဖူးပြီး ရန်ကုန်ကိုပြန်လာနေပါပြီ.. Fan meeting အတွက်လည်း စပြီးဆွေးနွေးနေကြပါပြီဖြစ်ကြောင်း။ 😊❤️" ဆိုပြီး သူတို့ ဇနီးမောင်နှံနှစ်ယေက်ရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မျာ ဝေမျှပေးထားတာပါ။ ဘယ်အချိန်ကြည့်ကြည့် အချစ်တွေ ပြည့်နှက်နေတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့နှစ်ဦးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ကြည်နူးဖို့ကောင်းနေတာပါနော်။

အခက်ခဲတွေကနေ နှစ်ကိုယ်တူကြိုးစားရင်း အောင်မြင်လာတဲ့ အချစ်တတ်ဆုံး စုံတွဲလေး...။

ခရစ္စတီးနားခီကတော့ လတ်တလောမှာ အနုပညာအသစ်တွေ ဆက်ပြီးပြုလုပ်နေတာဖြစ်ပြီး "Now and Ever " ရုပ်ရှင်ဇာတ်ကားကြီးအတွက် နယ်ခရီးတွေ ထွက်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို Romantic ဆန်တဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီ ရဲ့ ပုံရိပ်ကလေးတွေကိုသဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Zenn Kyii's Facebook
Photo;Kaung Khant Soe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။