ရမ္မက်ဆန်တဲ့ အနမ်းခန်းတွေထည့်သွင်းရိုက်ကူးထားတဲ့ f(x) အဖွဲ့ဝင် Amber ရဲ့ MV အသစ်

Posted on - Nov 8 []

Mia Zin

စာရေးသူ

နာမည်ကြီး အမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ f(x) ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Amber ကိုဆိုရင် ယောကျာ်းလေးတစ်ယောက်လိုမျိုး ၀တ်စားဆင်ယင်မှု၊ ပြုမူနေထိုင်မှုပုံစံတွေနဲ့ပဲ ပရိသတ်တွေအနေနဲ့ စတင်သတိထားမိခဲ့ကြ၊ သိထားခဲ့ကြတာ ဖြစ်ပါတယ်။ စတင်ပွဲထွက်ခဲ့ချိန် ၂၀၀၉ ခုနှစ်ကတည်းက ယောကျာ်းလျာတစ်ယောက်လိုမျိုး ၀တ်စားနေထိုင်ခဲ့တဲ့ပုံစံကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုကို တခြားအဖွဲ့ဝင် ၄ ယောက်ထက်ပိုမိုရရှိခဲ့တဲ့ သူမဟာ ပွဲထွက်ပြီး ၁၀ နှစ်ပတ်ဝန်းကျင်အကြာမှာတော့ တကယ့်ယောကျာ်းလေးတစ်ယောက်ရဲ့ အသွင်နဲ့တောင် ပိုမိုတူလာတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း နိုဝင်ဘာလ ၇ ရက်နေ့ မနေ့တုန်းက ထွက်ရှိခဲ့တဲ့ MV အသစ်မှာတော့ သူမကို မြင်တွေ့နေကြပုံစံမျိုးနဲ့မဟုတ်ပဲ ကွဲပြားစွာ တွေ့မြင်ခဲ့ရတာကြောင့် ပရိသတ်တွေမှာ မယုံကြည်နိုင်ဖြစ်ခဲ့ကြရပြီး တအံ့တသြနဲ့ မှင်သက်ခဲ့ကြရပါတယ်။

အဲဒီ MV ကတော့ သူမရဲ့ သီချင်းအသစ်ဖြစ်တဲ့ Other People လို့အမည်ရတဲ့ သီချင်းရဲ့ MV ဖြစ်ပြီး ထိုသီချင်းဟာဆိုရင် သူမရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို အခြေတည်ပြီး ရေးဖွဲ့ဖန်တီးထားတဲ့ သီချင်း ဖြစ်တယ်လို့ သိရပါတယ်။ ရိုက်ကူးထားတဲ့ပုံစံကတော့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ရည်းစားဟောင်းရဲ့ နေရာမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ နောက်ထပ်ရည်းစားအသစ်ကို အစားထိုးပြီး ပျော်ရွှင်နေတဲ့ သူမရဲ့ပုံစံကို ရည်းစားဟောင်းကို အတင်းအကြပ်ဖိအားပေးကြည့်ခိုင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။

လမ်းခွဲသွားတဲ့ ရည်းစားဟောင်းကို တမ်းတပူဆွေးမနေပဲ သူ့ရဲ့ နေရာမှာ တခြားသူတွေကို အစားထိုးပြီးဖြတ်သန်းဖို့ပဲလိုအပ်တယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ပုံစံက စိတ်ကူးယဉ်ဆန်ဆန်နဲ့ မနူးညံ့ဘူးဆိုပေမယ့်လည်း MV ပြီးခါနီးအချိန်လောက်မှာ ပါဝင်တဲ့အခန်းကတော့ ပရိသတ်တွေကို ရှော့ခ်ရသွားစေခဲ့ပါတယ်။

အကြောင်းကတော့ ရည်းစားဟောင်းရဲ့အရှေ့မှာ ရည်းစားအသစ်နဲ့ ရမ္မက်ဆန်ဆန် ပွေ့ဖက်နမ်းရှုံ့နေတဲ့ အနမ်းခန်းကို ရိုက်ကူးထားတဲ့ပုံစံက Amber ကို အရင်တုန်းက တွေ့ခဲ့ဖူးကြပုံစံတွေနဲ့ လုံးဝကွဲပြားနေတာကြောင့်ပါပဲ။ ရည်းစားဟောင်းအဖြစ် သရုပ်ဆောင်ထားသူကတော့ သရုပ်ဆောင် Sam Li ဖြစ်ပြီး ရည်းစားအသစ်နေရာကနေ သရုပ်ဆောင်ထားသူကတော့ YouTuber အဖြစ်လူသိများတဲ့ Mike Bow ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။