ရီးရဲမက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်းကို လာဖို့ ရှိနေတဲ့ နေမာ

Posted on - Nov 8 []

Tun Htet Aung

စာရေးသူ

နေမာအနေနဲ့ ရီးရဲမက်ဒရစ်အသင်း အိမ်ကွင်း ဘာနေဗျူးကို လာဖို့ ရှိနေပါတယ်။ နောက်လာမယ့် (၂၆) ရက်နေ့မှာ တွေ့ဆုံဖို့ ရှိနေတဲ့ PSG နဲ့ ရီးရဲအသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက် နေမာအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာ လာပြီဖြစ်ပြီး ပါဝင်နိုင်မယ့်အခြေအနေမှာ ရှိနေပါတယ်။

ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ PSG တိုက်စစ်မှူးနေမာ ဟာဒဏ်ရာကနေ ပြန်လည်သက်သာ လာပြီဖြစ်ပြီး လာမယ့် (၂၂) ရက်နေ့မှာ ကစားဖို့ ရှိနေတဲ့ လိုင်လီအသင်းနဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာတောင် ပါဝင်ကစားပေးနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ရီးရဲအသင်းနဲ့ တွေ့ဆုံမယ့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်မှာတော့ သေချာပေါက် ပါဝင်ကစားပေးနိုင်မှာ ဖြစ်ပြီး ဘာနေဗျူးကွင်းမှာ နိုင်ပွဲရရှိရေး အတွက် ဘရာဇီးသား ဟာပြင်ဆင်လာမှာဖြစ်ပါတယ်။ နှစ်သင်းလုံးအတွက် ဒီပွဲစဉ်က အုပ်စုဗိုလ် ဖြစ်ရေးအတွက် အရေးပါနေပါတယ်။

PSG နည်းပြတူချယ် ကတော့အဆိုပါ ပွဲစဉ်အတွက် ကစားသမားရွေးချယ်မှုမှာ ခေါင်းခဲစရာဖြစ်နေပါတယ်။ တိုက်စစ်နေရာ သုံးခုအတွက် နေမာ၊ဘတ်ပေ၊ကာဗာနီ အပြင် အီကာဒီ၊ ဒီမာရီယာ တို့ရှိနေတဲ့ အတွက်အဆိုပါ ပွဲစဉ်မှာ အသုံးပြုဖို့ ပွဲထွက်လူစာရင်းကို ဘယ်ကစားသမားတွေနဲ့ ပွဲထုတ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နေမာကတော့ ရီးရဲအသင်းကို ဒုက္ခပေးဖို့ အချိန်မှီ ပြန်လာနိုင်ခဲ့ပြီ ဖြစ်ပြီး ဘာနေဗျူးကွင်းမှာ ဘယ်အသင်းက အောင်ပွဲခံပြီး အုပ်စုဗိုလ်နေရာကို ရယူနိုင်မလဲ ဆိုတာစိတ်ဝင်စားစရာပါပဲ။

Ref; Sportbible
Timothy(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။