ဖေဖေ မေမေ တို့နဲ့ ကထိန်အလှူမှာ ကုသိုလ်ရေးလုပ်နေတဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ ညီအကိုနှစ်ဦး

Posted on - Nov 9 []

Myint Myat

စာရေးသူ

အသံကောင်းလွန်းလို့ ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ကြတဲ့ အဆို​တော်​Rဇာနည်​က​တော့ အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ဇနီး​ချော​လေးရယ်​၊ သား​ချော​လေးနှစ်​ယောက်​ရယ်​နဲ့အတူ​ပျော်​စရာ​ကောင်းတဲ့ မိသားစုဘဝ​လေးကို ဖန်​တီးပုံ​ဖော်​ထားတာပဲ ဖြစ်​ပါတယ်​။ လတ်တလောမှာ​တော့ Rဇာနည်​က ကထိန်အလှူလုပ်ခဲ့တဲ့ သူတို့မိသားစုလေးရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို လူမှုကွန်​ယက်​ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ယဉ်ကျေးလိမ္မာတဲ့ သားလေးနှစ်ယောက်နဲ့ ကုသိုလ်ရေးလုပ်နေတဲ့ Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံကတော့ အရမ်းကိုပျော်ရွှင်နေပုံပေါ်ပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ အဆိုတော် Rဇာနည်တို့ မိသားစုလေးရဲ့အလှူလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖေဖေ Rဇာနည်ကတော့ "သားဖစ်ဖစ်ချစ်ချစ်တို့ ကထိန် အလှူတုန်းက မိသားစုပုံ​လေး​တွေပါ ❤ အလှူအတွက် ဝိုင်းဝန်းကူညီပေးတဲ့ @PremierWellness ကိုလည်း ကျေးဇူးတင်ပါတယ်။ " ဆိုပြီး သူတို့ မိသားစုလေးရဲ့ကထိန်အလှူက ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ပုဆိုးလေးတွေ ကိုယ်စီနဲ့ လူပျိုလေးတွေလို ချစ်စရာကောင်းနေတဲ့ ဖစ်ဖစ်နဲ့ ချစ်ချစ်လေးတို့ ညီအကိုနှစ်ဦးကတော့ မိဘနှစ်ပါးနဲ့အတူ ကုသိုလ်ရေးလုပ်ရင်း ပျော်နေတာပဲ ဖြစ်ပါတယ်။

လူပျိုလေး ချစ်ချစ်တုန်ကို ပုဆိုးနဲ့ တိုက်ပုံပေးဝတ်ပြီး သေချာပြင်ဆင်ပေးနေရသေးတယ်နော်...။

ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေး...

Rဇာနည်​နဲ့ ဝမ်းတို့ဇနီး​မောင်​နှံနှစ်​ဦးက​တော့ တစ်​ဦးနဲ့တစ်​ဦး နားလည်​မှု​တွေနဲ့ ချစ်​ခြင်းတရား​တြွေပည့်​နှက်​နေတဲ့ အိမ်​ထောင်​ရေးကို တည်​ဆောက်​ထားတာ အခုဆိုရင်​အိမ်​ထောင်​သက်​တမ်းတင်ပဲ ၁၆ နှစ်​ကျော်သွားပြီဖြစ်ပြီး အချစ်တွေကလည်း လတ်ဆတ်နေဆဲပါပဲ။ မိဘနှစ်​ပါးနဲ့တူလို့ ချစ်​မွှေးအပြည့်​ပါတဲ့ Rဇာနည်​နဲ့ ဝမ်းတို့ရဲ့ သားသား​နှစ်​ယောက်​ကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ Rဇာနည်တို့ မိသားစုလေးကိုချစ်​ရင်​Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Zarni Myo Nyunt's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။