ချစ်ဇနီးချောလေးနဲ့ ချောင်းသာကို အလည်ရောက်ခဲ့တဲ့ Ro ဆန်ဆန်ပုံလေးတွေ တင်လိုက်တဲ့ Ah Boy

Posted on - Nov 8 []

Myint Myat

စာရေးသူ

တစ်​ဦးနဲ့တစ်​ဦး နားလည်​မှုအပြည့်​ရှိတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အချစ်​တွေအပြည့်​နဲ့ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ ခရီးသွားရတာ ဝါသနာပါတဲ့ Ah Boy တို့ ဇနီးမောင်နှံကတော့ အမြဲလိုလို ခရီးတွေ ထွက်ဖြစ်နေပြီး အရမ်းလှတဲ့ ခရီးသွားပုံရိပ်တွေကိုလည်း ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ Ah Boy က ချစ်ဇနီးချောလေးနဲ့ ချောင်းသာသို့ အလည်ရောက်ခဲ့တဲ့ Romantic ဆန်ဆန်ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ အရမ်းလန်းနေတဲ့ Ah Boy တို့ ဇနီးမောင်နှံရဲ့ပုံရိပ်တွေကတော့ Ro လွန်းလို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ချောင်းသာကမ်းခြေမှာ ပျော်နေကြတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ရတနာကျော်ကတော့ " မြတ်တို့ပြီးခဲ့တဲ့ပိတ်ရက်တုန်းက ချောင်းသာကိုသွားတုန်း Beach မှာလန်းနေဖို့ Energy တွေအပြည့်နဲ့ ကဲလို့ရအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Energy Drinks တွေယူသွားဖြစ်တယ် ။ ဘယ်လိုတွေလန်းဆန်းပြီး ဘယ်လိုတွေပျော်ခဲ့တယ် ဆိုတာ video လေးကိုမတင်ခင်ထုံးစံအတိုင်း Tesar အနေနဲ့ ဓာတ်ပုံလှလှလေးတွေကိုအရင်တင်ပေးလိုက်ပါပြီ။" ဆိုပြီး သူမတို့ ဇနီးမောင်နှံရဲ့ချောင်းသာခရီးစဉ်အ​ကြောင်းကို ​ဝေမျှ​ပေးထားတာပါ။

ဘယ်လိုတွေတောင် Ro နေကြတာလဲ စကားလက်လေးရဲ့ဖေဖေနဲ့ မေမေရယ်...။

မြတ်ရတနာကျော်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို နားထားပြီး ချစ်ရတဲ့ မိသားစုကို အချိန်အပြည့်အဝပေးဖြစ်နေတယ်လို့ သိရပါတယ်။

သမီး သုံးယောက်ရဲ့ဖေဖေကြီး Ah Boyကလည်း လူငယ်လေးလို နုပျိုလန်းဆန်းနေတုန်းပဲနော်...။

အဆိုတော် Ah Boy က​တော့ လတ်​တ​လောမှာ စီးပွား​ရေးကို ဦးစား​ပေးလုပ်​နေဖြစ်​ပြီး သီချင်းအသစ်​တွေလည်း ထပ်​လုပ်​ဖို့ရှိတယ်​လို့ သိရပါတယ်​။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ ပျော်ရွှင်​ကြည်​နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Ah Boy's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။