“ဂွာဒီယိုလာ ဟာကမ္ဘာ့အကောင်းဆုံးနည်းပြ” ပါလို့ဝန်ခံမှု ပြုလုပ်သွားတဲ့ လီဗာပူးနည်းပြ ကလော့

Posted on - Nov 8 []

Tun Htet Aung

စာရေးသူ

လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ဇယားထိပ်ပိုင်းအတွက် ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မတိုင်မီ လီဗာပူးနည်းပြ ဂျာဂျင်ကလော့ ကတော့ Sky Sports နဲ့တွေ့ဆုံချိန်မှာ ၀န်ခံမှုတစ်ခုပြုလုပ်သွား ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ တွေ့ဆုံမယ့် အဆိုပါ ပရီးမီးယားလိဂ် ပွဲစဉ်ဟာ နှစ်သင်းလုံး အတွက်အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး ဇယားထိပ်ပိုင်းအတွက် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ကိုကြည့်ရှု ရဦးမှာပါ။ ဂျာဂျင်ကလော ကတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ကိုချီးကျူးသွားခဲ့တာပါ။

ဂျာဂျင်ကလော့က “ ဂွာဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြ တစ်ယောက်ပါ။ သူ့ကိုသိခဲ့တာ ကြာပါပြီ၊ သူ့ရဲ့ စွမ်းဆောင်ရည်တွေ သူ့ရဲ့ အောင်မြင်မှုတွေကို မချီးကျူးပဲ မနေနိုင်ပါဘူး” လို့ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လီဗာပူးကစားသမား မာနေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ မာနေးဟာ ဒိုင်ဗင်ကစားသမားလို့ ဝေဖန်သွားခဲ့တာပါ။ ဒါပေမယ့် ကလော့ ကတော့ အဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာတုံ့ပြန်မှု မှပြုလုပ်ခဲ့ခြင်း မရှိပါဘူး ။

လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ကြား ပြိုင်ဆိုင်မှုတွေဟာ ပြင်းထန်နေပြီး ဇယားထိပ်ကို ဦးဆောင်မယ့် ပထမနဲ့ ဒုတိယနေရာအတွက် တိုက်ပွဲဝင်ကြရမှာပါ။ လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းက ရမှတ်(၆) မှတ်အထိ မန်စီးတီး အသင်းကိုဖြတ်ထားတာဖြစ်ပါတယ်။

Ref; Be soccer
Timothy(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။