နည်းပြလောက ကိုပြန်လည်ဝင်ရောက်လာဖို့ရှိနေတဲ့ အာဆင်ဝင်းဂါး

Posted on - Nov 8 []

Tun Htet Aung

စာရေးသူ

အာဆင်နယ်အသင်း ဂန္တ၀င်နည်းပြဟောင်း အာဆင်ဝင်းဂါးအနေနဲ့ ဘောလုံးလောကနဲ့ အလှမ်းဝေးနေတာ ကြာပြီဖြစ်ပြီး ဒီရက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ နည်းပြလောကကို ပြန်လည်ဝင်ရောက်လာဖို့ ရှိနေပါတယ်။

အာဆင်ဝင်းဂါးအနေနဲ့ (၂၀၁၈)ခုနှစ်က အာဆင်နယ်နည်းပြရာထူး ကနေ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီး အနားယူနေတာကြာပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကို ဆယ်စုနှစ် တစ်ခုအကြာကိုင်တွယ်ခဲ့ပြီး အသင်းနဲ့အတူ အောင်မြင်မှုများ ရယူပေးနိုင်ခဲ့ပါတယ်။

နည်းပြနေရာလစ်လပ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ ရာသီကုန် နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေနေတာ ဖြစ်ပြီး အဆိုပါရာထူးအတွက် အာဆင်ဝင်းဂါးကို ခန့်အပ်ဖို့ မျက်စိကျနေကြတာဖြစ်ပါတယ်။

ဖရန့်ဖတ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး နည်းပြ နီကိုကိုဗက်စ် အနေနဲ့ ရာထူးကနေထုတ်ပယ်ခံ ခဲ့ရတာဖြစ်ပါတယ်။ နည်းပြသစ်ရာထူးအတွက် အဲရစ်တန်ဟတ်၊ ဂျူဗင်နည်းပြဟောင်း သောမတ်စ်တူချယ် တို့အပြင် အာဆင်ဝင်းဂါး ပါပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါး အနေနဲ့ အဆိုပါသတင်းတွေကို ငြင်းဆန်ခဲ့ခြင်းမရှိသေးပဲ တကယ်ဖြစ်၊ မဖြစ်ဆိုတာကိုတော့ ရာသီကုန်အထိ စောင့်ကြည့်သွား ရမှာပါ။

Ref; Be soccer
Timothy(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။