စကားအလှကုထုံးအနုပညာပြပွဲရဲ့ Youth Day မှာ Breakfast With Bunny အစီအစဉ် ပြုလုပ်ခဲ့တဲ့ ဘန်နီဖြိုး

Posted on - Nov 9 []

Thiha Htun

စာရေးသူ

ဘန်နီဖြိုးဟာ ပရိသတ်ကြိုက်သီချင်းတွေ သီဆိုဖန်တီးပြီး ပရိသတ်အားပေးလက်ခံမှုရရှိနေတဲ့ အဆိုတော်တစ်ဦးပါ။ ဘန်နီဖြိုးရဲ့ အကောင်းဆုံးသံစဉ်နဲ့ အကောင်းဆုံးသီချင်းစာသားတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ အဆိုတော်တစ်ဦးဖြစ်နေတာလည်းဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဘန်နီဖြိုးဟာ သီချင်းကောင်းလေးတွေဖန်တီးတတ်သူဖြစ်ပြီး သူဖန်တီးတဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားကျော်ကြားခဲ့တာလည်းဖြစ်ပါတယ်။

ဘန်နီဖြိုး ဟာ ဝန်ကြီးများရုံးမှာကျင်းပခဲ့တဲ့ စကားအလှကုထုံးအနုပညာပြပွဲရဲ့ Youth Day မှာ Alchemy Influence ရဲ့စီစဉ်မှုနဲ့အတူ Breakfast With Bunny အစီအစဉ်လေးအနေနဲ့ပါဝင်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီအစီအစဉ်မှာပရိသတ်တွေနဲ့လူမှုကွန်ရက်ပေါ်မှာအမုန်းစကားတွေပျံ့နှံ့ပုံတွေ၊ ကိုယ်တိုင်တွေ့ကြုံခဲ့ရဘူးတဲ့အတွေ့အကြုံတွေကိုအပြန်အလှန်မျှဝေရင်းနဲ့ ကျွန်တော်ကိုယ်တိုင်လဲ ဗဟုသုတတွေအများကြီး ပိုရရှိခဲ့ကြောင်းနဲ့ တက်ရောက်ခဲ့ကြတဲ့ သူတွေအားလုံးအတွက်လဲအကျိုးရှိစေမယ့်ပွဲလေးတစ်ပွဲဖြစ်စေတဲ့အကြောင်းကို ဘန်နီဖြိုးက သူရဲ့လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေ အခမ်းအနားပုံလေးတွေနဲ့အတူ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ဘန်နီဖြိုးဟာ အချစ်ရေးမှာတော့ အေးဆေးတည်ငြိမ်လျှက်ရှိနေပြီး အနုပညာအလုပ်ကိုပဲ တစိုက်မတ်မတ်ပြုလုပ်ကာ ဘဝကိုအေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူလည်းဖြစ်ပါတယ်။မိုမိုလေးပရိသတ်တွေရော သီချင်းဆိုကောင်းတဲ့ ကိုဘန်နီဖြိုးကိုအားပေးကြသေးလား။ အဆုံးထိဖတ်ရှုပေးတဲ့အတွက်မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:Bunny Phyo's FB
Leo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။