'ရိုးမပေါ်ကျတဲ့ မျက်ရည်'ဇာတ်ကားက ရိုက်ကွင်းအချို့ ပြန်လည်မျှဝေပေးခဲ့တဲ့ ထူးအောင်

Posted on - Nov 9 []

Thiha Htun

စာရေးသူ

နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် တစ်ယောက်ဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်ထူးအောင်ဟာ ပရိသတ်အားပေးမှုတွေ အများကြီးရရှိလာပြီး တဖြည်းဖြည်းနဲ့ အောင်မြင်ကျော်ကြားလာသူတစ်ဦးပါ။ ဒါ့အပြင် အမိုက်စား Body နဲ့ ချောမောလှပတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ထူးအောင်ဟာ သရုပ်ဆောင်အပိုင်းမှာလဲ အကောင်းဆုံးကြိုးစားမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ထူးအောင်ဟာ 'ရိုးမပေါ်ကျတဲ့ မျက်ရည်' ရုပ်ရှင်ဇာတ်ကားကြီးမှာ သစ်တော ဝန်ထောက် ကိုအောင်လွင်အဖြစ်အပီပြင်ဆုံးသရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်းရုံတင်လျှက်ရှိနေပြီး ထူးအောက်ဟာလည်း ပီပြင်တဲ့ သရုပ်ဆောင်မှုကြောင့် ပရိသတ်အားပေးမှု ရရှိနေတာလည်းဖြစ်ပါတယ်။

Model လောကမှာထဲက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေပါ တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရပြီး အခုအခါ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေတာလည်း တွေ့ရပါတယ်။

ထူးအောင်ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့'အကြင်နာမြစ်ဖျား'ရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 မှာထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာလည်း ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲတွေအပြင် ထူးအောင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ချို့လဲ ရုံတင်လျှက်ရှိပါတယ်။မိုမိုလေး ပရိသတ်တို့ရော အမိုက်စားဘော်ဒီနဲ့ ထူးအောင်ကိုကြွေကြလားဗျ။အဆုံးထိဖတ်ရှုပေးတဲ့ အတွက် မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:Htoo Aung's FB
LeoThT

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။