ပျော်ရွှင်မှုကိုလိုချင်ရင် တစ်ယောက်တည်းနေပါလို့ အကြံပေးလာတဲ့ မိုးဟေကို

Posted on - Nov 9 []

Rowena

စာရေးသူ

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော မိုးဟေကိုက အနုပညာလောကမှာ အချိန်အတော်ကြာ အောင်မြင်မှုတွေ များစွာ ရရှိနေသူ တစ်ဦး ဖြစ်ပါတယ်။ မိုးဟေကိုရဲ့ တည်ငြိမ်လှပတဲ့ အလှပတွေကို ပရိသတ်တွေကလည်း မချစ်ပဲ မနေနိုင်ပါဘူး။ မိုးဟေကိုက လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း အောင်အောင်မြင်မြင် တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မိုးဟေကိုက သူမရဲ့ ငေးကြည့်နေရလောက်အောင်ကို လှပတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မိုးဟေကိုရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးဟေကိုက "ပျော်ရွှင်မှုကိုလိုချင်ရင် တစ်ယောက်တည်းနေပါ 🦋💐🌸" တဲ့ 😍

မိုးဟေကိုက အသက်(၃၀) ကျော် အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ မိဘတွေကို ပြုစုရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။

မိုးဟေကိုကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Moe Hay Ko's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။