သူငယ်ချင်း ရှဲဒိုးရဲ့ သားလေးမင်္ဂလာပွဲကို ကိုယ်စားလိုက်ဖိတ်ပေးနေတဲ့ ကောင်းကျော်

Posted on - Nov 9 []

Myint Myat

စာရေးသူ

ပရိသတ်​တွေကို စစ်​မှန်​တဲ့ အနုပညာ​တွေနဲ့ အပန်း​ပြေ​စေခဲ့တဲ့ ဝါရင့်​သရုပ်​ဆောင်​ကြီး​ ရှဲဒိုးကတော့ အချိန်မတိုင်သေးခင်မှာပဲ ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်ကို ခွဲခွာကာ ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သရုပ်ဆောင် ရှဲဒိုးရဲ့သားလေးက မင်္ဂလာဆောင်တော့မှာမို့ ရှဲဒိုးနဲ့ အရမ်းအတွဲညီခဲ့တဲ့ သူငယ်ချင်းကောင်းကျော်က အစစ အရာရာ အကူအညီပေးနေခဲ့တာလည်း တွေ့ရပါတယ်။ ဒီနေ့လေးမှာတော့ ကောင်းကျော်က ရှဲဒိုးသားလေးရဲ့ မင်္ဂလာဖိတ်စာနဲ့အတူ ရင်းနှီးသူတွေကို လိုက်လံဖိတ်ကြားနေတာ တွေ့ရပါတယ်နော်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ သူငယ်ချင်းကြီး ရှဲဒိုးရဲ့သားလေး မင်္ဂလာပွဲမှာ အသေးစိတ်ကအစ ကူညီပေးနေတဲ့ မိတ်ဆွေကောင်း ကောင်းကျော်ရဲ့အ​ကြောင်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ဉီးကောင်းကျော်ကတော့ "မနက်ဖန် 10-11-2019 ကွယ်လွန်သွားပြီဖြစ်သောပြည်သူချစ်တဲ့ ဟာသလူရွှင်တော် ရှဲဒိုး၏ တစ်ဦးတည်းသောသားလေး ​ကောင်းဇင်ဟိန်းရဲ့ မင်္ဂလာဧည့်ခံပွဲအား ရှဲဒိုးကို ချစ်ခင် လေးစား အားပေးကြတဲ့ ဟာသလူရွှင်တော် ညီကိုများ တစ်ခြားသောအနုပညာ ညီကိုမောင်နှမများစာနယ်ဇင်းမှ မိတ်ဆွေများအား (ရှဲဒိုးကိုယ်စား ) အားလုံးကို ဤနေရာ မှဖိတ်ကြားအပ်ပါသည် ကြွရောက်အားပေးချီးမြှင့် တော်မူနိုင်ကြပါသည်။မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်လိုသူများ အောက်ပါဖိတ်စာမှာပါသည့် လိပ်စာအတိုင်း လာရောက် အားပေး ချီးမြှင့် နိုင်ပါရန် လေးစားစွာ ဖိတ်ပါသည်ဗျာ။

(တစ်ဦးချင်း လိုက်လံဖိတ်ကြားဖို့ အခက်အခဲများ အဆင်မပြေမှုများ ကြောင့်fbမှ ယခုလို ဖိတ်ကြားရခြင်းကို နားလည် ခွင့်လွှတ်ပေးပါရန်အတွက် လေးစားစွာ တောင်းပန်အပ်ပါသည်ဗျာ) ရွဲဒိုး (ကိုယ်စား) ကောင်းကျော် (တစ်ချိန်ကရွှေညီကိုအဖွဲ့)9-11-2019" ဆိုပြီး သူငယ်ချင်းဖြစ်သူ ရှဲဒိုးရဲ့ သားလေး မင်္ဂလာပွဲကို ရင်းနှီးသူတွေ တက်ရောက်ကြဖို့ ဖိတ်ကြားနေတာပဲ ဖြစ်ပါတယ်။

မိုမို​လေးချစ်​ပရိသတ်​တွေလည်း ပရိသတ်အပေါ် တာဝန်ကျေတဲ့ သရုပ်​ဆောင်​ကြီး ရှဲဒိုးရဲ့ သားလေး သာယာပျော်ရွင်တဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆု​တောင်း​ပေးလိုက်​ကြပါဦး​နော်​။

Myint Myat
Source:U Kaung Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။