ပရိသတ်တွေကြောင့် လွမ်းနာကျနေရပါပြီဆိုပြီး ချွဲချွဲနွဲ့နွဲ့ပြောလာတဲ့ ပိုင်တံခွန်

Posted on - Nov 9 []

Rowena

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်က ကြံ့ခိုင်သန်စွမ်းပြီး ယောကျာ်းပီသတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေက ပိုပြီးတော့တောင် ချစ်နေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုင်တံခွန်ကို ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ သူ့ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ထိုပုံတွေက ပိုင်တံခွန်နဲ့ သူ့ကို ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။

ပိုင်တံခွန်က သူနဲ့ ပရိသတ်တွေရဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကိုတင်ရင်း "တခါတလေ ပရိတ်သတ်တွေကြောင့်လည်းမ်းနာကျရတယ် 💛" ဆိုပြီး ချွဲနွဲ့ပြီး ပြောထားပါသေးတယ်။

ပိုင်တံခွန်ကတော့ ပရိသတ်တွေကို ဂရုတစိုက်နဲ့ လေးလေးစားစား ဆက်ဆံတတ်တာကြောင့် ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ပိုင်တံခွန်ကတော့ ပရိသတ်တွေကို မချစ်ပဲ မနေနိုင်အောင် အပြောလှလှလေးတွေနဲ့ ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Paing Takhon's fb
Photo: Htet Paing Ye

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။