ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ ရိုးရိုးယဉ်ယဉ်လေးလှနေတဲ့ နန်းခင်ဇေယျာရဲ့ပုံရိပ်များ

Posted on - Nov 9 []

Thiha Htun

စာရေးသူ

တောင်ကြီးသူလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုရရှိထားတဲ့ နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်လည်းဖြစ်ပါတယ်။ နန်းခင်ဇေယျာဟာ Miss International 2012 နဲ့ အိုကီနာဝါ ဂျပန်ပြိုင်ပွဲကြီးမှာ Miss People's choice နဲ့ Miss internet ဆုကိုရရှိခဲ့ပြီး လက်ရှိမှာ အနုပညာအလုပ်ကိုဇောက်ချလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

နန်းခင်ဇေယျာ ဟာမြန်မာပြည် အထက်ပိုင်းကိုဖျော်ဖြေရေးအတွက်ရောက်ရှိနေတာဖြစ်ပြီး ရောက်ရှိတဲ့ နေရာတိုင်းကိုလည်း သူမရဲ့ချစ်ဖို့ကောင်းတဲ့ ပုံရိပ်တွေနဲ့အတူ အမြဲပရိသတ်တွေဆီမျှဝေပေးနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နန်းခင်ဇေယျာရဲ့ အချစ်ရေးကတော့ အေးဆေးတည်ငြိမ်နေပြီး သူမဝါသနာပါ ချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။

နန်းခင်ဇေယျာဟာ အနုပညာလောကမှာအောင်မြင်နေတဲ့ အပြင်ပရဟိတလုပ်ငန်းတွေကိုလည်း ပါဝင်လုပ်ကိုင်လေ့ရှိပါတယ်။မိုမိုလေးပရိသတ်တွေရော ချစ်ဖို့ကောင်းတဲ့ နန်းခင်ဇေယျာကို ချစ်ကြရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူတင်ရှိပါတယ်။

Ref:Nan Khin Zay Yar's FB
Leo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။