မွေးနေ့လက်ဆောင်အဖြစ် Fan တွေဆီက ဟင်းသီးဟင်းရွက်ပန်းစည်း လက်ဆောင်ရခဲ့တဲ့ ပိုးမီ

Posted on - Nov 9 []

Rowena

စာရေးသူ

အဆိုတော် ပိုးမီဟာဆိုရင် Myanmar Idol Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံချိုလေးကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးချစ်ခင်မှုကို လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ အရမ်းကို အသံချိုတဲ့ သူမကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားမှုမရှိဘဲ အနုပညာနယ်ပယ်ထဲမှာ ယခုအချိန်အထိ ဆက်လက်တည်ရှိ နေခဲ့ရတာပဲဖြစ်ပါတယ်။ ပြောင်းလဲမှုတွေများစွာနဲ့ အများကြီးပြောင်းလဲလာတဲ့ ပိုးမီကတော့ တနေ့တခြားပိုပိုပြီး ချစ်စရာကောင်းလာခဲ့တဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၉) ရက်နေ့ကတော့ အဆိုတော်မလေး ပိုးမီဟာ သူမရဲ့ မွေးနေ့အကြို အမှတ်တရအနေနဲ့ Fan Meet & Eat ပွဲလေးကို ပရိသတ်တွေနဲ့အတူတူ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော်ပိုးမီရဲ့ မွေးနေ့အကြို Fan Meet & Eat ကို november လ ၉ရက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်ဆေးရုံကြီး ကုတင် ၅၀၀ မှာ အာဟာရဒါန ပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ပိုးမီကိုချစ်တဲ့ ပိုးမီရဲ့ Fan တွေနဲ့ အတူ My Garden Resturant မှာ ပျော်ရွှင်စရာအချိန်တွေကိုအတူတူ ဖန်တီးခဲ့ကြပါတယ်။

ပိုးမီကိုချစ်တဲ့ ပရိသတ်တွေကလဲ မွေးနေ့လက်ဆောင်တွေနဲ့အတူ ထူးထူးခြားခြားအနေနဲ့ ဟင်းသီးဟင်းရွက်ပန်းစည်းကြီးကိုပါ အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့ကြတာကို တွေ့ရှိရပါတယ်။

ပိုးမီကတော့ သူမရဲ့ မွေးနေ့အကြိုပွဲလေးမှာ တော်တော်လေး ပျော်ရွှင်ခဲ့ရပုံပါပဲနော်။ ပရိသတ်ကြီးလည်း ပိုးမီရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Momolay Tv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။