တောင်ကြီးမြို့ တန်ဆောင်နိုင်မီးပုံးပျံပွဲကို ရောက်ရှိနေတဲ့ မိုးယုစံတို့ ဇနီးမောင်နှံ

Posted on - Nov 9 []

Thiha Htun

စာရေးသူ

ပရိသတ်တွေ အရမ်းချစ်ခင်ကြတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေနဲ့ အနည်းငယ်ဝေးကွာခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ လည်း သူ့ရဲ့ ချစ်ဖို့ကောင်းတဲ့ မိသားစုနဲ့ တစ်ချိန်ကကြိုးစားအားထုတ်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုကြောင့် ပရိသတ်တွေ ချစ်ခင်စိတ်ဝင်စားမှု အပြည့်အဝရရှိနေသူဖြစ်ပါတယ်။

မိုးယုစံ ဟာသူ့ရဲ့ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ တောင်ကြီးတန်ဆောင်နိုင်မီးပုံးပျံပွဲကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။ ပွဲဈေးလျှောက်နေတဲ့ ပုံအချို့ကို မျှဝေခဲ့ပြီး တောင်ကြီးတန်ဆောင်နိုင်မီးပုံးပျံပွဲကို ပထမဆုံးရောက်ဖူးတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

မိုးယုစံဟာ လက်ရှိမှာ သူမအရမ်းချစ်တဲ့ ခင်ပွန်းနဲ့ သားလေး ဖြစ်တဲ့ ကောင်းသိင်္ခသူကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သားလေးဖြစ်တဲ့ ကောင်းသိင်္ခသူဟာလည်း အမေတူလေးမို့ ပရိသတ်တွေ ချစ်ခင်ကြတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။

မိုးယုစံတို့အိမ်ထောင်ရေးဟာလည်း ၃ နှစ်နီးပါ ရှိနေပြီး အလိုလိုက်ပြီး အရမ်းချစ်တတ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားလေးကြောင့် မိုးယုတို့မိသားစုဘဝလေးကလည်း အများအားကျ ကြည်နူးနေရတဲ့ မိသားစုဘဝလေးဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေရောမိုးယုလေးကိုချစ်ကြသေးရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။

Ref: Moe Yu San's FB
Leo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။