လူမုန်းများအခံရဆုံး ကမ္ဘာကျော်အနုပညာရှင်များ

Posted on - Nov 18 []

Tun Htet Aung

စာရေးသူ

ကမ္ဘာကျော်သွားတဲ့ အနုပညာရှင်တွေက အားပေးတဲ့ပရိသတ်တွေရဲ့ ချစ်ခြင်းကိုခံရသလို အားမပေးတဲ့သူ မကြိုက်နှစ်သက်တဲ့သူတွေရဲ့ အမုန်းကိုလည်းခံရပါတယ်။ တီဗီဖန်သားပြင်ရှေ့မှာ ပရိသတ်အားပေးမှုရစေမယ့် အလုပ်တွေကို လုပ်ကိုင်ကြတာဖြစ်ပေမယ့် တစ်ခါတလေမှာတော့ သူတို့တွေရဲ့ ပင်ကိုယ်စရိုက်နဲ့ စိတ်နေသဘောထားတွေက ပရိသတ်နဲ့ အပေါင်းအသင်းမိတ်ဆွေတွေကြားမှာတော့ လက်မခံချင်စရာ၊ စိတ်ပျက်စရာကောင်းတဲ့ အထိဆိုးရွားကြလို့ လူမုန်းများခံရတာလည်းဖြစ်ပါတယ်။

(၁) ဂျက်စတင်ဘီဘာ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကနေဒီယန် လူငယ်အဆိုတော် ဂျက်စတင်ဘီဘာရဲ့ အောင်မြင်ကျော်ကြား မှုက တစ်ကမ္ဘာလုံးအတိုင်းတာအနေနဲ့ အားပေးတဲ့ပရိသတ် သန်းနဲ့ချီပြီးတော့ ရှိပါတယ်။ သူ့ရဲ့သီချင်းခွေတိုင်း မှာ ကော်ပီအချပ်ရေပေါင်း သန်းနဲ့ချီပြီးတော့ ရောင်းချနိုင်ခဲ့ပြီးတော့ နယ်လှည့်ရှိုးပွဲတွေနဲ့ ဖျော်ဖြေရေးတွေကနေ လည်း ၀င်ငွေဒေါ်လာ သန်းနဲ့ချီပြီးတော့ ရရှိနေပါတယ်။ စန်းနဲ့ အနုပညာပါရမီ ထူးချွန်မှုကြောင့် သူ့ကိုအားပေးတဲ့ပရိသတ် သန်းနဲ့ချီပြီးတော့ ရှိတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ဂျက်စတင်ဘီဘာလို့ ဆိုလိုက်တာနဲ့ နှာခေါင်းရှုံကြမယ့် လူတွေလည်းအများကြီး ရှိနေပါတယ်။ ဒါကဘာဖြစ်လို့လဲဆိုရင် ဂျက်စတင်ရဲ့ ဆိုးရွားတဲ့ အကျင့်စရိုက်နဲ့ ရိုင်းစိုင်းတဲ့ အပြုအမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဂျက်စတင်က ပရိသတ်အချို့နဲ့ အိမ်နီးချင်းအချို့ကိုလည်း ရန်လိုတုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့တာ ရှိတယ်လို့လည်း သိရပါတယ်။

(၂) ခရစ်စတင်စတီးဝပ်

Twilight မင်းသမီး ခရစ်စတင်စတီးဝပ်က ရည်းစားဟောင်း ရောဘတ်ပတ်တင်ဆန်နဲ့ အချစ်ရေးဇာတ်လမ်း ရှိနေတဲ့အချိန်မှာ အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်ခြင်းကို ခံခဲ့ရပါတယ်။ ဒီအတွက်ကြောင့် သူမကို လူမုန်းများပြီးတော့ အနုပညာအလုပ်မှာ နာမည်ကျခဲ့ပြီးတော့ နောက်ပိုင်းမှာ ခရစ်စတင်ဟာ အနုပညာအလုပ်တွေကို ခပ်ကျဲကျဲသာ လုပ်ခဲ့ပြီးတော့ သူမကိုလညိး တီဗီဖန်သားပြင်မှာ ရံဖန်ရံခါသာ မြင်တွေ့ရပါတော့တယ်။

(၃) လင်ဆေးလိုဟန်

နာမည်ကျော် အမေရိကန်မင်းသမီးလေး လင်ဆေးလိုဟန်က နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်းအနုပညာအလုပ်နဲ့ သူမရဲ့ဘ၀တစ်လျှောက်မှာ ပြစ်မှုမှတ်တမ်းပေါင်းများစွာနဲ့ တရားရင်ဆိုင်ခဲ့ရပြီးတော့ ရှုပ်ထွေးပွေလီတဲ့ ဘ၀ဖြတ်သန်းမှုပုံစံနဲ့ ကြီးပြင်းခဲ့ရတာဖြစ်ပါတယ်။ ဆေးမှု၊ အရက်မှု၊ ရမ်းကားမှု၊ ရန်ဖြစ် အလစ်သုတ် စသဖြင့် ပြစ်မှုတွေနဲ့သာ လင်ဆေးလိုဟန်က ရင်းနှီးပြီးသာ ဖြစ်ပါတယ်။ လူဆိုးမလေးဖြစ်လို့ ပေါင်းသင်းဆက်ဆံရေးမှာလည်း လူအများရဲ့ မုန်းတီးခြင်းကို ခံရတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့စရိုက်နဲ့ ကောင်းမွန်တဲ့ အကျင့်တွေလုံးဝ မရှိဘူးလို့လည်း ပြောထားခြင်းကို ခံထားရပါတယ်။

(၄) ခရစ်(စ်)ဘရောင်း

ပေါ့ပ်အဆိုတော် ခရစ်(စ်)ဘရောင်းက ချစ်သူမိန်းကလေးဖြစ်တဲ့ နာမည်ကြီးအဆိုတော် ရီဟားနားကို ကိုယ်ထိလက်ရောက် ရိုက်နှက်အမှုကျူးလွန်ခဲ့လို့ ရဲစခန်းရောက်ပြီးတော့ တရားရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ထဲက ခရစ်ရဲ့ နာမည်က ဂီတလောကကြားထဲ နာမည်ပျက်ခဲ့တဲ့ အထိဖြစ်ခဲ့ပါတယ်။ ချစ်သူမိန်းကလေးကို အကြမ်းဖက်ရိုက်နှက်တယ်၊ နှိပ်စက်တယ်၊ အရှက်ကွဲအောင် လုပ်တယ်ဆိုတဲ့ ပြင်းပြင်းထန်ထန် ဝေဖန်သံတွေနဲ့ အတူ သူ့ကိုလည်း ပရိသတ်နဲ့ အသိုင်းအ၀ိုင်းက မုန်းတီးရွံရှာ ကြပါတယ်။

(၅) မိုင်လီဆိုင်းရပ်(စ်)

ကလေးဘ၀ အရွယ်ထဲက Disney ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပြီးတော့ ဂီတအလုပ်မှာပါ အောင်မြင်ကျော်ကြားလာခဲ့တဲ့ မိုင်လီက လူချစ်လူခင်ပေါများတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းအေးအေးလေးတွေကို ဆိုတတ်တဲ့ မိုင်လီက ဆယ်စုနှစ် တစ်ခုကျော်ကြာမှာတော့ သူမရဲ့ အနုပညာနဲ့ ဘ၀ပုံစံကို လုံးဝကြီး ပြောင်းလဲပစ်ခဲ့ပါတယ်။ ဟိုပေါ်ဒီပေါ် အ၀တ်စားတွေဝတ်တာ ရည်းစားတွေ အထည်အလဲတွဲတာ ပရိသတ်တွေနဲ့ အနုပညာသမားအချင်းချင်း အရွဲ့တိုက်ပြီးတော့ ကောင်လေးတွေ တစ်ယောက်ပြီး တစ်ယောက်တွဲတာတွေက သူမကို လူအမြင်ကတ်စရာ ဖြစ်စေခဲ့ပါတယ်။

Timothy(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။