ပွဲတက်ဝတ်စုံလေးနဲ့မင်းသမီးလေးတစ်ယောက်လိုလှပနန်းဆန်နေတဲ့ ရွှေသမီးရဲ့ ပုံရိပ်များ

Posted on - Nov 19 []

Thiha Htun

စာရေးသူ

ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့ ပုရိသပရိသတ်တွေကြားအရမ်းကိုရေပန်းစားသူလေးကတော့ ပရိသတ်အချစ်တော် ရွှေသမီးပဲ ဖြစ်ပါတယ်။ သူမကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာရလာတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ထူးချွန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရတာဖြစ်ပါတယ်။

အခုအခါမှာ‌တော့ ရွှေသမီးဟာ သူမရဲ့ မင်းသမီးလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ခရီးတွေထွက် အိပ်ရေးပျက်နေလို့ ဂူဂူဂါဂါ ဖြစ်နေလို့ လိုင်းပေါ်ကခဏပျောက်နေတာဖြစ်ပြီး မမေ့ကြဖို့ပရိသတ်ကြီးကိုပြောပြခဲ့တာလည်းဖြစ်ပါတယ်။

ရွှေသမီးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းမှာလည်း ခံစားချက်အပြည့်နဲ့ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်လေ့ရှိတာကြောင့် သူမရဲ့ အနုပညာအရည်အချင်းတွေကို ပရိသတ်တွေ ချီးကျူးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ရွှေသမီးကတော့ ဝေဖန်မှုတွေ နဲ့မကင်းတဲ့အနုပညာလောကမှာ ဝေဖန်မှုတွေသိပ်မကြားရတဲ့ နာမည်ပျက်ကင်းတဲ့မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်ရွှေသမီး ကရုံတင်ပြသနေတဲ့သခင်ကြီးနဲ့ငပိတို့စရာရုပ်ရှင်ကားကြီးမှာပါဝင်သရုပ်ဆောင်ထားပြီး အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတတာလည်းဖြစ်ပါတယ်။

မိုမိုလေးပရိသတ်တွေရော မင်းသမီးလေးနဲ့တူတဲ့ ရွှေသမီးလေးကိုချစ်ကြလေးကို ချစ်ကြသေးရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက်မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:Shwe Tha Mee's FB
Leo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။