လူကြီးဆန်ဆန် ပုံစံနဲ့'ကြိုးဖုန်း' ရုပ်ရှင် Premier Show ကိုတက်ရောက်ခဲ့တဲ့ အိစိကွေးရဲ့ပုံရိပ်များ

Posted on - Nov 19 []

Thiha Htun

စာရေးသူ

ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်ချစ်ခင်အားပေးမှု အပြည့်အဝရရှိထားတဲ အိစိကွေးဟာ အခုအချိန်ထိလည်း အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့အချစ်တွေကို ရယူထားသူလည်းဖြစ်ပါတယ်။အိစိကွေးဟာ လက်ရှိမှာ သီချင်းတွေကိုလည်းဖန်တီးထုတ်လုပ်နေပြီး မင်းသားပေါက်စတစ်ယောက်အနေနဲ့လည်း ဇာတ်ကားအချို့မှာ ဝင်ရောက်သရုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

အိစိကွေးဟာ လူကြီးဆန်ဆန်ပုံစံလေးနဲ့'ကြိုးဖုန်း' ရုပ်ရှင် Premier Show ကိုတက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

အိစိကွေးဟာ 'ကြိုးဖုန်း' ဇာတ်ကားကိုကြည့်ရှုပြီးနောက်မှာ အတွေ့အကြုံကိုလည်း အောက်ပါအတိုင်မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ အရမ်းကောင်းသလို အရမ်းကြောက်ဖို့ကောင်းလို့ သိပ်မကြောက်တတ်တဲ့ကိုယ်တောင်အော်မိသွားတယ်လို့ ပြောပြခဲ့ပါတယ်။

အိစိကွေးဟာ အလှူအတန်းနဲ့ ပါတ်သတ်လာရင်လည်းလက်မနှေးတတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ပရဟိတလုပ်ငန်းတွေမှာလည်း ငွေအားသာမက လူအားနဲ့ပါ ပါဝင်ကူညီတတ်သူလည်းဖြစ်ပါတယ်။

'ကြိုးဖုန်း' ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ (၂၁) ရက်နေ့မှာရုံတင်မှာဖြစ်ပြီး ဒီဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်တွေအဖြစ် ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်၊ ရဲအောင်၊ ရွှေအိမ်စည် တို့ပါဝင်သရုပ်ဆောင်ထားတာလည်းတွေ့ရပါတယ်။

ပညာရေးဘက်မှာလည်း ဥပဒေအထူးပြုနဲ့တက်ရောက်နေတဲ့ အပြင်အခြားကျောင်းတွေကိုလည်းတက်ရောက်နေသူဖြစ်ကာ အနုပညာနဲ့ ပညာရေးကို ပူးတွဲလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။မိုမိုလေးပရိသတ်တွေရော အိစိကွေးကို ဘယ်အချိန်ထဲကအားပေးခဲ့တာကြတာလည်းဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:Ei Si Kway
Leo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။