ပရိသတ်တွေ အသည်းယားစေမယ့် မြန်မာဆန်ဆန် ပုံလေးတွေ တင်လိုက်တဲ့ နော်ဖောအယ်ထား

Posted on - Nov 19 []

Myint Myat

စာရေးသူ

အရမ်းကို ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေး နော်ဖောအယ်ထားကတော့ ချိုသာတဲ့ အပြုံးလှလှလေးရယ်၊ နူးညံ့တဲ့ စိတ်ထားလေးရယ်ကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ နော်ဖောအယ်ထားက မြန်မာဆန်ဆန်လေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတဲ့ သူမရဲ့အလှပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သေချာကြည့်လေ ကြွေချင်စရာကောင်းလေဖြစ်တဲ့ နော်ဖောအယ်ထားရဲ့ပုံလေးတွေကတော့ အရမ်းကို အသည်းယားစရာလေး ဖြစ်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားရဲ့ အသည်းယားဖွယ် ပုံရိပ်တစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော်။

နော်ဖောအယ်ထားလေးကတော့ "တစက်မှ အငြိမ်မနေသော ကောင်မလေး😆" ဆိုပြီး ဓါတ်ပုံရိုက်ရင်းတောင် စကားတွေပြောလိုက် လမ်းတွေလျှောက်လိုက်နဲ့ အငြိမ်မနေတတ်တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

ဘယ်လိုနေနေ ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ သရုပ်ဆောင်ပိုင်းမှာလည်း အသစ်ဆိုပေမယ့် ထူးချွန်သူတစ်ဦးမို့ ပရိသတ်တွေက သဘောကျနေကြရတာပါ။

လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ နော်ဖောအယ်ထားကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ နော်ဖောအယ်ထားလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Naw Phaw El Htar's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။