သူ့ကို ဘုရားသခင်နဲ့ ခိုင်းနှိုင်းနေမှုအပေါ် ပြတ်သားစွာ တုံ့ပြန်သွားခဲ့တဲ့ မက်ဆီရဲ့ရိုးဖြောင့်မှု

Posted on - Nov 19 []

Gunner Ksr

စာရေးသူ

အာဂျင်တီးနားနဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ သူ့ကို 'God' လို့ ခေါ်ဝေါ်နေခြင်းနဲ့ ပတ်သက်ပြီး သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ Ballon d'Or ဆု (၅) ကြိမ်အထိ ရရှိထားခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးကစားသမားဆိုရင်လည်း မမှားပါဘူး။ မက်ဆီဘောလုံးကစားနေတာကို ကြည့်ရတာက အနုပညာမြောက်လွန်းတဲ့အော်ပရာပြဇာတ်တစ်ခုကို ကြည့်နေရသလို သိပ်ကိုအရသာရှိလွန်းတယ်။

မက်ဆီဟာ ဘောလုံးလောကရဲ့အိုအေစစ်လေးဖြစ်ပြီး ဘောလုံးကမ္ဘာကြီးကို အစွမ်းကုန်အလုပ်အကျွေးပြုလို့။ ဒါကြောင့်လည်း ပရိသတ်တွေက မက်ဆီကို 'God' ဆိုပြီး ခိုင်းနှိုင်းတင်စားကြပါတယ်။ ဒါပေမဲ့ မက်ဆီဟာ အဲဒီချီးကျူးသံတွေကြားမှာ မသာယာဘူး။

အရှိကိုအရှိအတိုင်း ထိုးထွင်းသိမြင်တယ်။ သူ့ကို ဘုရားသခင်ဆိုပြီး ခေါ်ဝေါ်နေမှုတွေကို မက်ဆီသဘောမကျပါဘူး။ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ဂုဏ်ယူပေမယ့် သူ့ကိုအဲဒီလိုကြီးတော့ မခေါ်ဝေါ်ကြဖို့ မက်ဆီက ရိုးရိုးသားသား ပြောဆိုသွားခဲ့ပါတယ်။

"အဲဒီလိုခေါ်ဝေါ်မှုတွေကို ကျွန်တော်သဘောမကျတာတော့ အမှန်ပဲဗျ။ လူတွေရဲ့ချီးကျူးခံရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ သူတို့က ဘာသဘောထားမှ မပါဘဲ ဒီအတိုင်း ရိုးရိုးလေးပြောတာဖြစ်ပေမယ့် လက်တွေ့မှာတော့ မကောင်းပါဘူး။

ဒါက ကျွန်တော့်ကို အရမ်းချဲ့ကားပြီး ချီးကျူးနေကြတာပါပဲ"လို့ မက်ဆီက ဆိုခဲ့တာပါ။ ဒါကြောင့် ဒီနေရာမှာလည်း မက်ဆီရဲ့ ရိုးရှင်းဖြောင့်မတ်မှန်ကန်လွန်းတဲ့စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။