လုံးဝဆိုနင့်ကာ ၀မ်းနည်းစရာကောင်းလွန်းတဲ့ ပိုချက်တီနဲ့ ပတ်သက်ပြီး ဟယ်ရီကိန်းရဲ့ ရင်ဖွင့်စကား

Posted on - Nov 20 []

Gunner Ksr

စာရေးသူ

ဆရာအရင်းကြီးပိုချက်တီနို ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်ပြီး ဟယ်ရီကိန်းရဲ့ရင်ဖွင့်စကားသံတွေက လုံးဝဆိုနင့်စရာကောင်းလွန်းတယ်လို့ ဆိုရမှာပါ။ ပရီးမီးယားလိဂ်ကလပ်စပါးအသင်းဟာ ဒီနေ့မနက်အစောပိုင်းမှာ သူတို့ရဲ့ နည်းပြပိုချက်တီနိုကို နည်းပြရာထူးကနေ ထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းဟာ ဘောလုံးပရိသတ်တွေကို ရှော့ခ်ရစေခဲ့ပါတယ်။ ပိုချက်တီနိုဟာ စပါးသင်းကို ကိုင်တွယ်ခဲ့တဲ့ (၅) နှစ်တာကာလအတွင်း အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့ပါတယ်။

ပိုချက်တီနိုဟာ စပါးအသင်းကို အင်အားကြီးအသင်းတစ်သင်းဖြစ်အောင် အသွင်ကူးပြောင်းပေးခဲ့တာဖြစ်ပြီး ဒီနေ့စပါးအသင်းဟာ ပိုချက်တီနိုရဲ့ခြေ၊ လက် အစအဆုံးနဲ့ တည်ဆောက်ယူထားတဲ့အသင်းလို့ပြောရင်လည်း မမှားပါဘူး။

ဟယ်ရီကိန်း၊ အဲရစ်ဆင်၊ အလီ၊ ဆွန်ဟောင်မင်၊ အစရှိ အသင်းရဲ့အဓိကကစားသမားအကုန်လုံးကို ပိုချက်တီနိုက မွေးထုတ်ပေးခဲ့တာပါ။ ဒီအတွက် စပါးကစားသမားတွေအနေနဲ့ ပိုချက်တီနိုထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေမလဲဆိုတာ ပြောပြဖို့တောင် လိုမယ်မထင်ပါဘူး။

ပိုချက်တီနိုရဲ့တပည့်ရင်းဖြစ်ပြီး ပိုချက်တီနိုကြောင့် ဘောလုံးဇာတ်ခုံပေါ်မှာ လူလားမြောက်လာတဲ့ ဟယ်ရီကိန်းကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တော်တော်လေးခံစားနေရပုံပေါ်ပြီး ပိုချက်တီနိုနဲ့ပတ်သက်ကာ လူမှုကွန်ရက်မှာ ရင်ဖွင့်သွားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်အောင် ကူညီပေးခဲ့တဲ့ ဆရာ့ကို အမြဲတမ်းအမှတ်ရပြီး ကျေးဇူးတင်နေမှာပါ။ လွန်ခဲ့တဲ့ (၅) နှစ်ခွဲကာလအတွင်း ကျွန်တော်တို့တွေ အံ့အားသင့်စရာကောင်းတဲ့အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ကြတယ်။ အဲဒီအချိန်တွေကို ကျွန်တော် လုံးဝမေ့ပစ်နိုင်မှာ မဟုတ်ပါဘူး။ ဆရာ့က ကျွန်တော့်ရဲ့မန်နေဂျာဖြစ်သလို သူသယ်ချင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီလိုဆက်ဆံရေးအတွက်လည်း ကျေးဇူးတင်မိတယ်။ ဆရာရဲ့ နောက်ထပ်ခြေလှမ်းသစ်တွေ ကံကောင်းပါစေ"လို့ ဟယ်ရီကိန်းက ရင်ဖွင့်သွားခဲ့တာပါ။

Ref: Daily Mail

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။