ဇနီးချောလေးနဲ့ ချစ်အတူ၊ မူးအတူ ဘဝလေးမှာ ပျော်ရွှင်နေပြီဆိုတဲ့ ရွှေထူး

Posted on - Nov 20 []

Rowena

စာရေးသူ

အနုပညာလောကရဲ့ ကြယ်ပွင့်လေးတွေဖြစ်ကြတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးက အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ရွှေမှုံရတီက သရုပ်ဆောင်လောကမှာ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ရွှေထူးကလည်း ဂီတလောကမှာ ကျော်ကြားရုံသာမက အခုဆိုရင် သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း လိုက်ဖက်ညီလွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်စား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

အိမ်ထောင်သက် တစ်နှစ်ကျော်လာပြီးနောက် သံယောဇဉ်တွေပိုတိုးပြီး တစ်ယောက်အကြိုက် တစ်ယောက်သိတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးလေးက ပရိသတ်တွေအတွက် အားကျစရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက သူတို့ရဲ့ အားလပ်ရက်လေးမှာ နှစ်ယောက်တည်း စားသောက်ပြီး သီချင်းတွေဆိုရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ရွှေထူးကတော့ သူဘာလုပ်လုပ် အနောက်ကနေအမြဲ ပါရမီဖြည့်ပေးတဲ့ ဇနီးလေး ရွှေမှုံရတီကို တစ်စိမ့်စိမ့်ကြည့်ပြီး "ချစ်အတူ၊ မူးအတူ ဘဝလေး" ဆိုပြီး သူ့ဘဝကိုသူ ကျေနပ်နေပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ တကယ့်ကို ရှေ့သွားနောက်လိုက် ညီလွန်းတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ရဲ့ အိမ်ထောင်ရေးလေးက အမြဲတမ်း ပျော်စရာကောင်းနေတာ ဖြစ်မယ်နော်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ယောက် ဒီထက်မက ချစ်နိုင်ပြီး သားသားမီးမီးလေးတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: Shwe Htoo's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။