ရုပ်ရှင်ခေတ်အဆက်ဆက်က ဇာတ်ကောင်ပုံစံတွေအတိုင်း ပြက္ခဒိန်ရိုက်ကူးပေးခဲ့တဲ့ အနုပညာရှင်များ

Posted on - Nov 29 []

Rowena

စာရေးသူ

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတွေကို အဖြူအမည်းခေတ်မှသည် ယနေ့ခေတ်အထိ အဆင့်ဆင့် ခေတ်မှီစွာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကကြီးက တစ်ခေတ်ပြီး တစ်ခေတ် ကူးပြောင်းလာခဲ့တာ အခုဆိုရင် အနှစ် (၁၀၀) တင်းတင်း ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ရုပ်ရှင်နှစ် (၁၀၀) ပြည့်ပွဲတော်မှာ အနုပညာရှင်တွေကိုယ်တိုင် သစ်ပင်စိုက်ပွဲကြီးတွေ ကျင်းပခဲ့သလို အခြားသော အမှတ်တရတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီတစ်ခေါက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် လာမယ့် (၂၀၂၀) ခုနှစ်မှာ ကျရောက်မယ့် မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်အမှတ်တရအဖြစ် ထုတ်ဝေမယ့် ၂၀၂၀ ပြက္ခဒိန်ပုံလေးကို မျှဝေလိုက်ပါတယ်နော်။

ရုပ်ရှင်ငွေရတုခေတ်အတွက် နေတိုးနဲ့ပိုင်ဖြိုးသု။ ရွှေရတုခေတ်အတွက် အောင်ရဲလင်းနဲ့ဝတ်မှုန်ရွှေရည်။ စိန်ရတုခေတ်အတွက် ဒေါင်းနဲ့အေးမြတ်သူ။ နှစ်တစ်ရာပြည့်အတွက် မြင့်မြတ်နဲ့အိချောပိုတို့က သရုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။

ရုပ်ရှင်အစည်းအရုံးနှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၂၀၂၀) ခုနှစ် ပြက္ခဒိန် ကို မကြာမီအချိန်အတွင်းမှာပဲ ပရိသတ်တွေဆီ ရောင်းချသွားမယ်လို့ သိရပါတယ်။

နေတိုး၊ အောင်ရဲလင်း၊ ဒေါင်း၊ မြင့်မြတ်၊ ပိုင်ဖြိုးသု၊ ဝတ်မှုံရွှေရည်၊ အေးမြတ်သူ၊ အိချောပိုတို့ကတော့ အကောင်းဆုံး သရုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Photo: Moe Min - Rays

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။