ပရိသတ်တွေကို မျက်ရည်လည်စေမယ့် Goo Hara နဲ့ သူမရဲ့ အစ်ကိုဖြစ်သူတို့ ပေးပို့ထားခဲ့ကြတဲ့ Message များ

Posted on - Nov 28 []

Mia Zin

စာရေးသူ

နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက နေအိမ်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ Goo Hara ဟာဆိုရင် အထီးကျန်ပြီး စိတ်ကျဝေဒနာကို နှစ်အတော်ကြာ ခံစားနေခဲ့ရသူဖြစ်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုသော်ငြားလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်သွားခဲ့ရှာတဲ့ Hara နဲ့ ပတ်သတ်ပြီး သူမရဲ့ အစ်ကိုဖြစ်သူက အမှတ်တရလေးအချို့ကို ထုတ်ဖော်ပြခဲ့ပါတယ်။

အဲဒါကတော့ သူမ မကွယ်လွန်ခင်ရက်ပိုင်းအလိုလောက်တုန်းက မောင်နှမ ၂ ယောက်ပြောထားကြတဲ့ Message တွေဖြစ်ပြီး ထို Message တွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင် အစ်ကိုဖြစ်သူအနေနဲ့ သူ့ရဲ့ ညီမလေးအပေါ်မှာ ဂရုတစိုက်ရှိပြီး စိတ်ပူနေခဲ့တယ်ဆိုတာကို သိသာ၊ မြင်သာလှပါတယ်။

အစ်ကို : ငါ တောင်းပန်ပါတယ်...ကျေးဇူးပြုပြီး မကောင်းတဲ့အတွေးတွေ မတွေးပါနဲ့၊ နေမကောင်းလည်း မဖြစ်ပါနဲ့...ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါ။ နောင်အနာဂတ်မှာ မင်း အိမ်ထောင်ပြု၊ ကလေးလေးတွေမွေးပြီး အချိန်အကြာကြီးနေသွားဖို့ ငါ မျှော်လင့်ပါတယ်။ ၀မ်းနည်းတယ်ဆိုရင် ငိုချပစ်လိုက်ပါ...ဒီလိုလုပ်ဖို့က ခက်ခဲနေမယ်ဆိုတာကို သိပါတယ် ဒါပေမယ့်...ချစ်တယ်နော် ညီမလေး

Goo Hara: ကျွန်မလည်း အစ်ကို့ကို ချစ်ပါတယ်။ စိတ်မပူပါနဲ့။

အစ်ကို: နင် အရမ်းဝမ်းနည်းနေမှာပေါ့။ ငါလည်း အရမ်းနာကျင်ရပါတယ်။ ဂျပန်မှာ စားကောင်းတဲ့ဟာတွေ စားပစ်နော်။

အဆိုပါ Message တွေဟာ Goo Hara ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Sulli ကွယ်လွန်သွားပြီးနောက်မှာ ညီမဖြစ်သူကို နှစ်သိမ့်ထားတဲ့စကားတွေဖြစ်ပုံရပြီး အဲဒီအချိန်တုန်းကဆိုရင် Goo Hara ဟာ အလုပ်ကိစ္စတွေနဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေချိန်ဖြစ်ပါတယ်။

အစ်ကို: မနက်ဖြန်ကျရင် စားလို့ကောင်းမယ့်ဟာတွေ ယူလာပေးမယ်။

Goo Hara: အိုကေ။

Goo Hara ဟာ ပြင်းထန်လွန်းတဲ့ စိတ်ကျဝေဒနာကြောင့် မေလတုန်းက မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အချိန်မီကယ်တင်နိုင်ခဲ့တာကြောင့် သေကံမရောက်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်အတိုင်းပြန်လည်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Sulli တစ်ယောက် အောက်တိုဘာလ ၁၄ ရက်နေ့မှာ မိမိကိုယ်ကိုအဆုံးစီရင်ကာ ကွယ်လွန်သွားခဲ့ပြီးနောက်မှာတော့ သူမရဲ့ စိတ်ပိုင်းဆိုင်ထိခိုက်မှုက ပိုမိုဆိုးရွားလို့လာခဲ့တယ်လို့ ဆိုရမှာပါပဲ။ လွတ်မြောက်ရာလမ်းကို ရွေးချယ်သွားတဲ့ Goo Hara တစ်ယောက် ကောင်းရာမွန်ရာဘုံဘ၀ကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။