Bicycle ဂိုး သွင်းပြီးချိန်မှာ သူ့ကို စီရော်နယ်ဒို ဘာပြောခဲ့သလဲဆိုတာ အတိအလင်း ဖွင့်ဟသွားခဲ့တဲ့ ဘူဖွန်

Posted on - Dec 1 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုဟာ ၂၀၁၇-၁၈ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဘောလုံးလောကရဲ့ လုံးဝအခမ်းနားဆုံး ဂိုးတစ်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက စီရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းမှာ ကစားနေဆဲဖြစ်ပြီး ဂျူဗင်တပ်သင်းဘက်ကို အလွန်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ Bicycle ကန်ချက်နဲ့ သွင်းယူသွားခဲ့တာပါ။ တကယ့်ကို ပြောစမှတ်တွင်လောက်တဲ့ ဘောလုံးလောကရဲ့ အခမ်းနားဆုံး ဂိုးတစ်ဂိုးပဲ ဖြစ်ပါတယ်။

ဘယ်လောက်အထိအောင်လဲဆိုရင် အဲဒီဂိုးကို ခွင့်ပြုခဲ့ရသူ ဘူဖွန်ကိုယ်တိုင်တောင် စီရော်နယ်ဒိုကို ချီးကျူးသွားခဲ့တဲ့အထိပါပဲ။ အခုဆိုရင် ဘူဖွန်ဟာ အဲဒီဂိုးသွင်းပြီးနောက် သူ့နဲ့ စီရော်နယ်ဒိုအကြားက အမှတ်တရဖြစ်ရပ် တစ်ခုကို ပြန်ပြောင်းပြောခဲ့တာ ဖြစ်ပါတယ်။

"စီရော်နယ်ဒိုအနေနဲ့ အဲဒီလို လုံးဝအမိုက်စားစွမ်းဆောင်ရည်ကို ပြသပြီးနောက်မှာ ကျွန်တော့်အနေနဲ့ လုံးဝမချီးကျူးဘဲ မနေနိုင်ခဲ့ဘူး ။ဒါကြောင့် မင်း အသက် ဘယ်လောက်ရှိုပြီလဲလို့ မေးခဲ့တယ်။ အဲဒီမှာပဲ စီရော်နယ်ဒိုက ပြုံးပြပြီး ကျွန်တော်က (၃၃) နှစ်ပြီ။

ဒီအသက်အရွယ်နဲ့ ဒီခြေစွမ်းက မဆိုးဘူးမလားဆိုပြီး ကျွန်တော့်ကို ပြောခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး အတူတူရယ်ခဲ့ကြတယ်"လို့ ဘူဖွန်က ဆိုခဲ့တာပါ။ စီရော်နယ်ဒိုရဲ့ အဲဒီသွင်းဂိုး Puskas ဆုနဲ့ လွဲချော်ခဲ့တာနဲ့ပတ်သက်ပြီး ဘောလုံးလောကမှာ ဝေဖန်သံဆူညံခဲ့သေးတယ်။

စီရော်နယ်ဒိုဟာ အဲဒီနှစ်မှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၃) နှစ်ဆက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ တကယ့်ကို ဘောလုံးလောကရဲ့ အခမ်းနားဆုံး ကစားသမားပဲ ဖြစ်ပါတယ်။

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။