မက်ဆီဟာ ဘယ်လိုကစားသမားမျိုးလဲဆိုတာ အချက်ကျကျ ဒဲ့ရှင်းပြလိုက်တဲ့ ဂွါဒီယိုလာ

Posted on - Dec 1 []

Gunner Ksr

စာရေးသူ

ဂွါဒီယိုလာကတော့ သူ့တပည့်ရင်းမက်ဆီဟာ ဘယ်လိုကစာသးမားမျိုးလဲဆိုတာ ရွှန်းရွှန်းဝေ ရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူးလီယွန်နယ်မက်ဆီကို ဘောလုံးလောကရဲ့ မှော်ဆရာ၊ ဆန်းကြယ်လွန်းတဲ့ ပါရမီရှင်တစ်ယောက် တင်စားထားကြတာ ဖြစ်ပါတယ်။ မက်ဆီ ဘောလုံးကစားနေတာကို ကြည့်ရတာ အနုပညာမြောက်လွန်းလှပြီး တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာကောင်းတာ အမှန်ပါပဲ။

မက်ဆီဟာ ဖီဖာကမ္ဘာ့အကောင်းဆုံးဆုကို (၆) ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။ အထူးသဖြင့် မက်ဆီဟာ ဂွါဒီယိုလာရဲ့ အရောင်သွေးပေးမှုနဲ့အတူ တောက်ပလာခဲ့သူလို့ပြောရင်လည်း မမှားပါဘူး။

မက်ဆီရဲ့ ဂွါဒီယိုလာတို့ဟာ ဘာစီလိုနာအရန်အသင်းမှာကတည်းက လက်တွဲခဲ့ဖူးသူတွေဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာဟာ မက်ဆီအကြောင်းကောင်းကောင်း သိသူလို့ဆိုရမှာပါ။ This Is Football လို့အမည်ရတဲ့ Amazon Prime ရဲ့ documentary မှာတော့ ဂွါဒီယိုလာဟာ မက်ဆီရဲ့အကြောင်းကို ထည့်သွင်းပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

"သူဟာ ကစားပွဲပြင်ပကလူ မဟုတ်ဘူး။ ကစားပွဲထဲမှာ လုံးဝပါဝင်နေတဲ့သူပါ။ သူ့ရဲ့ခေါင်းကို ဘယ်၊ ညာ၊ ဘယ်၊ ညာ လှုပ်ခါပြီးပေါ့။ နောက်ပြီး မက်ဆီဟာ ပြိုင်ဘက်နောက်တန်းအားနည်းကို အရမ်းအနံ့ကောင်းတာ။
ပွဲအစ (၅) မိနစ်၊ (၁၀) လောက်ဆိုတာနဲ့ သူဟာ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိနေပြီ။ ငါဒီနေရာမှာရပ်နေရင် ငါ့အတွက် နေရာလွတ်ပိုရမယ်ဆိုတာမျိုးကို သူကောင်းကောင်းသိပါတယ်။

လုံးဝ Genius ပါပဲ။ ဒါက လုံးဝအံ့အားသင့်စရာကောင်းတယ်။ ကျွန်တော်တို့ဟာ ဒီလိုကစားသမားမျိုးနဲ့ ခေတ်ပြိုင်ဖြစ်ရတာ အရမ်းကျေနပ်စရာကောင်းတယ်"လို့ ဂွါဒီယိုလာက ဆိုခဲ့တာပါ။ ဂွါဒီယိုလာ ပြောသလို မက်ဆီဘောလုံးကစားနေတာကို ကြည့်ရတာ တကယ့်ကို အရသာရှိလွန်းလှပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။