စီရော်နယ်ဒို နားခါးစရာဖြစ်စေမယ့် စကားတစ်ခွန်းကို ခပ်ရင့်ရင့် ပြောချလိုက်တဲ့ အီဘရာဟီမိုဗစ်ခ်ျ

Posted on - Dec 1 []

Gunner Ksr

စာရေးသူ

ဘောလုံးလောကမှာ လုံးဝချန်ထားလို့မရတဲ့ ဂန္ထ၀င်ကစားသမားစာရင်းမှာ အီဘရာဟီမိုဗစ်ခ်ျကလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ အရပ်အမောင်းကောင်းကောင်း၊ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ ဘောလုံးလောကအတွင်း အီဘရာဟီမိုဗစ်ခ်ျစွမ်းဆောင်ပြခဲ့တဲ့အရာတွေက တကယ့်ကို အံ့မခန်းပဲ ဖြစ်ပါတယ်။ ပြောရင်ပြတ်ပြီး ထိထိရောက်ရောက်လုပ်ဆောင်တဲ့သူမျိုးဆိုတာ ဘီဘရာဟီမိုဗစ်ခ်ျကို ခေါ်တာဖြစ်ပါတယ်။

ကျင်လည်ခဲ့တဲ့ ကစားသမားဘ၀ကာလတစ်လျှောက် ဂျူဗင်တပ်၊ အင်တာ၊ ဘာစီိလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီ၊ မန်ယူ စတဲ့ဥရောပထိပ်တန်းအသင်းကြီးတွေမှာ ကစားပြီး ဆုဖလားပေါင်းများစွာ၊ တစ်ဦးချင်းအောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့သူပါ။ လက်ရှိအချိန်မှာလည်း အီဘရာဟီမိုဗစ်ခ်ျဟာ အသက် (၃၈) နှစ်အရွယ်ရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကို ထိန်းထားနိုင်ဆဲလို့ဆိုရမှာဖြစ်ပြီး မေဂျာလိဂ်မှာ အကောင်းဆုံးစာရင်းဝင်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အီဘရာဟီမိုဗစ်ခ်ျရဲ့မွေးရပ်မြေမယ်လ်မိုဟာ အီဘရာဟီမိုဗစ်ခ်ျကို ပုံတူရုပ်တုပြုလုပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျဟာ Sky Sport Italia နဲ့ တွေ့ဆုံခဲ့ရာမှာတော့ အဲဒီလိုဂုဏ်ပြုခံရလို့ ဂုဏ်ယူတဲ့ကြောင်း၊ သူနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ စီးရီးအေအကြောင်းတွေကို ပြောဆိုသွားခဲ့ပါတယ်။

စီးရီးအေကြောင်းကို ပြောဆိုရာမှာတော့ အီဘရာဟီမိုဗစ်ခ်ျက "လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ခြေစွမ်းဟာ စီးရီးအေက ကစားသမားတွေအားလုံးထက် သာပါသေးတယ်။ အဲဒီမှာ သွားကစားမယ်ဆိုရင်တောင် ကျွန်တော်က အကောင်းဆုံးဖြစ်နေမှာပါ"လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မိုဗစ်ခ်ျရဲ့ဒီစကားဟာလည်း ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်သွားခဲ့တာပါ။ အထူးသဖြင့် အီဘရာဟီမိုဗစ်ခ်ျဟာ သူ့အနေနဲ့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ သွယ်ဝိုက်ပြောဆိုလိုက်တာဖြစ်ကြောင်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ ဗိုဗစ်ခ်ျရဲ့စကားက စီရော်နယ်ဒိုအတွက် နားခါးစရာဖြစ်နေမှာလည်း အမှန်ပါပဲ။

Ref: All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။