ရီးရဲဝတ်စုံကို ၀တ်ဆင်မလားလို့အမေးခံရတဲ့အခါ ပွဲကျစရာအဖြေမျိုး ပြန်ပေးခဲ့တဲ့ ပီကေး

Posted on - Dec 1 []

Gunner Ksr

စာရေးသူ

ကတ်သလန်မှာမွေး၊ ကတ်သလန်မှာ ကြီးပျင်းခဲ့တဲ့ ကတ်သလန်သွေးစစ်စစ်ပါသူတွေအတွက် မက်ဒရစ်မုန်းတီးစိတ်ဟာ အနည်းနဲ့အများတော့ အော်တိုကပ်ပါလာပါလိမ့်မယ်။ နိုင်ငံရေးအရရော၊ ဘာစီလိုနာနဲ့ ရီးရဲပြိုင်ဆိုင်မှုကြောင့်ပါ မက်ဒရစ်သားတွေနဲ့ ကတ်သလန်သားတွေအကြား မုန်းတီးစိတ်တွေ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စပိန်လက်ရွေးစင်ဂျာစီကို ၀တ်ဆင်ထားတဲ့တိုင် ကတ်သလန်သားပီကေးကို တော်ဝင်မက်ဒရစ်သားတွေ လှောင်ပြောင်တ့ဖြစ်ရပ်မျိုးကို တွေ့မြင်ခဲ့ကြတာပါ။

ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ ဘောလုံးနယ်ပယ်မှာတော့ ဒီနှစ်ဖွဲ့ရဲ့ မုန်းတီးစိတ်က ပိုမိုပြင်းထန်နေပါလိမ့်မယ်။ နှစ်သင်းစလုံးက စပိန်ရဲ့အင်အားအကြီးဆုံးအသင်းတွေဖြစ်နေတာကလည်း သူတို့ကြားက ပြိုင်ဆိုင်မှု၊ ခါးသီးမှုကို ပိုပြီးမီးစာမြှင့်ပေးနေသလိုပါပဲ။

ဒါကြောင့်လည်း ရီးရဲနဲ့ ဘာစီလိုနာတို့ တွေ့ဆုံတဲ့ပွဲတိုင်းဟာ အလွန်အကြိတ်အနယ်ရှိပြီး တစ်သင်းနဲ့တစ်သင်း အရှုံးမပေးလိုစိတ်နဲ့ ယှဉ်ပြိုင်ကစားကြတာကို တွေ့မြင်ရပါတယ်။ ရီးရဲကစားသမားတွေအနေနဲ့ သူတို့ရှေ့မှာ ဘာစီလိုနာအသင်း အောင်ပွဲခံတာကို မမြင်တွေ့လိုသလို ဘာစီလိုနာဟာလည်း သူတို့ကို ရီးရဲအသင်း အနိုင်ယူသွားတာမျိုး လုံးဝမလိုလားပါဘူး။

ဒါ့အပြင် ရီးရဲနဲ့ ဘာစီလိုနာကစားသမားတွေကြားမှာလည်း တစ်သင်းကိုတစ်သင်း မုန်းတီးစိတ်တွေရှိနေကြတာဖြစ်ပါတယ်။ ဒီအထဲမှာမှ ကတ်သလန်ခွဲထွက်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ဘာစီလိုနာနောက်ခံလူပီကေးကတော့ အပြင်းစားစိတ်ဓာတ်ရှိသူပါ။

တလောက ပြုလုပ်ခဲ့တဲ့ စပိန်ရုပ်သံလိုင်းတစ်ခုနဲ့ အင်တာဗျူးမှာတော့ အစီအစဉ်တင်ဆက်သူက ပီကေးကို ရီးရဲအသင်းဝတ်စုံဝတ်ဆင်မလားလို့ အရွှန်းဖောက်မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ ပီကေးက "ဘယ်တော့မှ ၀တ်မှာမဟုတ်ဘူး။ ကျွန်တော့်မှာ ရီးရဲအလက်ဂျစ်ရှိတယ်"လို့ ဟာသနှောကာ ပြတ်ပြတ်သားသား ပြောကြားသွားခဲ့တာပါ။ ပီကေးရဲ့အဖြေစကားက ပွဲကျစရာဖြစ်ခဲ့ရပါတယ်။ ရီးရဲနဲ့ ဘာစီလိုနာအသင်းတို့ဟာ မကြာခင်မှာ လာလီဂါပွဲစဉ်အဖြစ် ထိပ်တိုက်ရင်ဆိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။