ဂိုးဧရိယာထိပ်နားကနေ အနုပညာမြောက်လွန်းစွာ သွင်းယူသွားခဲ့တဲ့ မက်ဆီရဲ့ရင်သပ်ရှုမောဖွယ်ရာသွင်းဂိုး

Posted on - Dec 2 []

Gunner Ksr

စာရေးသူ

မက်ဆီကတော့ ထုံးစံအတိုင်း အလွန်လှပသေသပ်တဲ့သွင်းဂိုးတစ်ဂိုးနဲ့အတူ ဘာစီလိုနာကို ကယ်တင်ခဲ့ပြန်ပါပြီ။ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ် (၁၅) ကတော့ အကြိတ်အနယ်ရှိစွာ ယှဉ်ပြိုင်ကစားကြရင်း ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဧည့်သည်ဘာစီလိုနာအသင်းက အဓိကတိုက်စစ်မှူးလီယွန်နယ်မက်ဆီရဲ့ တစ်လုံးတည်းသောဂိုးနဲ့အတူ အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့အတွက် အဓိက ကစားသမားအစုံအလင်ကိုပဲ အသုံးပြုခဲ့တာ တွေ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ မက်ဆီ၊ ဂရစ်ဇ်မန်း၊ ဒီဂျောင်၊ ဆွာရက်ဇ် အစရှိတဲ့ ကစားသမားတွေကို ပွဲထွက်အသုံးပြုခဲ့ပြီး အက်သလက်တီကိုအသင်းကလည်း ယာအိုဖီလစ်၊ မိုရာတာ၊ ပေါ်တေး အစရှိတဲ့ ကစားသမားတွေကို အသုံးပြုခဲ့တယ်။

နှစ်သင်းစလုံးဟာ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အခွင့်အရေးကိုယ်စီရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။ ပွဲချိန် (၈၅) မိနစ်မှာတော့ မက်ဆီက ဒီပွဲစဉ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လှပသေသပ်စွာ သွင်းယူပေးသွားခဲ့တာပါ။

မက်ဆီဟာ ဆွာရက်ဇ်နဲ့ လှလှပပ ချိတ်ဆက်ကာ ဂိုးဧရိယာထိပ်နားကနေ ရင်သပ်ရှုမောဖွယ်ကောင်းပြီး လက်ဖျားခါချင်စရာ သွင်းယူသွားခဲ့တာပါ။ မက်ဆီရဲ့ ကန်သွင်းချက်ဟာ အနုပညာဆန်လွန်းပြီး လုံးဝကြည့်ရကျိုးနပ်တဲ့ သွင်းဂိုးတစ်ဂိုးလို့ပဲ ညွှန်းဆိုရပါတော့မယ်။

အနိုင်ဂိုးကို ဂိုးဧရိယာထိပ်နားကနေ အနုပညာမြောက်စွာ မက်ဆီ ကန်သွင်းယူနေစဉ်

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။