အသည်းယားဖွယ် ဖက်ရှင်လေးနဲ့ ပုဂံမှာ Balloon စီးခဲ့တဲ့ သင်ဇာဝင့်ကျော်

Posted on - Dec 2 []

Myint Myat

စာရေးသူ

အလန်းစားပုံရိပ်တွေနဲ့ ပုရိသတွေကို ရင်ခုန်စေသူလေးဖြစ်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ရူးခါနေအောင်မိုက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ စွဲမက်ဖွယ်မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားသူလေးပါ။ လတ်တလောမှာတော့ သင်ဇာလေးက ပုဂံရောက်တုန်း Hot Air Balloon စီးခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အသည်းယားဖွယ်ကောင်းတဲ့ စွဲမက်ဖွယ် ဖက်ရှင်လေးဝတ်ပြီး ပုဂံမှာ Balloon စီးခဲ့တဲ့ သင်ဇာ့ရဲ့ပုံရိပ်တွေကတော့ အားလုံးရဲ့ကြားမှာ ထင်ပေါ်နေတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အားလုံးကြားမှာ ထင်ထင်ရှားရှားနဲ့ ဂေါ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ အလုပ်ကိစ္စနဲ့ ပုဂံသို့ ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်ကနေတဆင့် ပရိသတ်တွေကို ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ သင်ဇာလေးကတော့ အစီအစဉ်တစ်ခုအတွက် မင်းသားချောလေး တိုင်ရွန်နဲ့အတူ ဥရောပ ၄ နိုင်ငံသို့ ခရီးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

အမြဲလိုလို အလန်းစားဖက်ရှင်တွေကိုပဲ ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ သင်ဇာလေးကတော့ အမြဲလိုလို အားလုံးကြားမှာ ထင်ရှားနေတတ်တာပဲ ဖြစ်ပါတယ်။

မင်းသမီး​ချော​လေး သင်ဇာက​တော့​ လက်ရှိမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ Single တစ်ဦးအနေနဲ့ပဲ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ရုပ်​ရှင်​တွေလည်း ရိုက်​ကူးဖြစ်​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း စွဲမက်ဖွယ်ဖက်ရှင်လေးနဲ့ ပုဂံမှာ Balloon သွားစီးဖြစ်ခဲ့တဲ့ သင်ဇာဝင့်ကျော်ကိုချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source;Thinzar Wint Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။