သေချာပေါက်ဂိုးဝင်တော့မယ့် ဒိုင်ဘာလာရဲ့ဂိုးကို ဖျက်ထုတ်မိခဲ့လို့ အလှောင်ခံနေရတဲ့ စီရော်နယ်ဒို

Posted on - Dec 2 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုရဲ့ ကံကြမ္မာဆိုးတွေက အဆုံးသတ်မသွားသေးဘူးလို့ ဆိုရမှာပါ။ စီရော်နယ်ဒိုဟာ ဆက်ဆူအိုလိုနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အတွက် အရေးပါတဲ့ ချေပဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပေမယ့် ဖြစ်ရပ်တစ်ခုကြောင့် ဗီလိန်ဖြစ်သွားခဲ့ရပါတယ်။ ဂျူဗင်တပ်နည်းပြဆာရီရဲ့ နည်းစနစ်ပိုင်းအရ စီရော်နယ်ဒိုဟာ ဒီရာသီမှာ ပုံမှန်စွမ်းဆောင်ရည်အောက်ကျရောက်နေပြီး သွင်းဂိုးတွေရဖို့ ရုန်းကန်နေရတာကို တွေ့မြင်နေရပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုဟာ ဒီရာသီ တချို့ပွဲတွေမှာ မကြာခဏ လူစားလဲခံနေရလျက်လည်း ရှိနေပါတယ်။ အဓိကပြိုင်ဘက်မက်ဆီက ဘာစီလိုနုာအတွက် ခြေစွမ်းပြနေတဲ့အချိန်မှာ စီရော်နယ်ဒိုကတော့  ဆာရီနဲ့ အဆင်မပြေဖြစ်ကာ ရုန်းကန်နေရတာပါ။

စီရော်နယ်ဒိုဟာ ဒီရာသီမှာ စီးရီးအေသွင်းဂိုး (၆) ဂိုးသာ ရရှိထားသေးပြီး ဒါဟာ စီရီးအေဂိုးသွင်းဘုရင်စာရင်းကို ဦးဆောင်နေတဲ့ အင်မိုဘိုင်း(၁၇ ဂိုး)နဲ့ ယှဉ်ရင် တော်တော်လေး ကွာဟနေတဲ့အနေအထားပါ။ ဆက်ဆူအိုလိုနဲ့ပွဲစဉ်မှာလည်း ကံကြမ္မာက စီရော်နယ်ဒိုအပေါ် မျက်နှာသာမပေးခဲ့ဘူးလို့ ဆိုရမှာပါ။

ဒါကတော့ ပွဲချိန် (၆၉) မိနစ်မှာ ဂျူဗင်တပ်တိုက်စစစ်မှူးဒိုင်ဘာလာဟာ အသင်းအတွက် ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ကန်သွင်းချက်ဟာ ကောင်းမွန်ခဲ့ပြီး ဂိုးရမလိုဖြစ်ခဲ့ပေမယ့် ကံဆိုးစွာပဲ ပြိုင်ဘက်ဂိုးစည်းရှေ့မှာ ရပ်နေတဲ့ စီရော်နယ်ဒိုနဲ့ထိမိပြီး လွဲချော်သွားခဲ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုကို ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ "စီရော်နယ်ဒိုဟာ ထာဝရအကောင်းဆုံးခံစစ်မှူးကြီးပဲ" "စီရော်နယ်ဒိုက ဂိုးသွင်းပဲ ကောင်းတာမဟုတ်ဘူး။ ခံစစ်စကေးကလည်း ထိပ်တန်းပဲ" "ဒိုင်ဘာလာရဲ့ဂိုးကို စီရော်နယ်ဒိုက ဖျက်ထုတ်လိုက်တာပဲ" စသဖြင့် လှောင်ပြောင်ခဲ့ကြပါတယ်။

ရရှိလာတဲ့အခွင့်အရေးကို ဒိုင်ဘာလာ အပိုင်ကန်သွင်းယူနေစဉ်

ဒိုင်ဘာလာရဲ့ ကန်သွင်းချက် စီရော်နယ်ဒိုရဲ့ ထိမိပြီး ပြန်ထွက်သွားစဉ်

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။