အိမ်ထောင်သက်တမ်း (၇) နှစ်ပြည့်သွားပြီဖြစ်တဲ့ HaHa နဲ့ Byul တို့ ဇနီးမောင်နှံ

Posted on - Dec 2 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတီဗွီံအစီအစဉ်တစ်ခုဖြစ်တဲ့ Running Man အစီအစဉ်မှာ ပါဝင်တင်ဆက်ပြီးနောက်ပိုင်း နိုင်ငံတကာ ပရိသတ်တွေအကြားမှာ ပိုမိုလူသိများအောင်မြင်လာခဲ့တဲ့ အဆိုတော် HaHa နဲ့ သူ့ဇနီးဖြစ်သူ အဆိုတော် Byul တို့ဟာဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့တုန်းက အိမ်ထောင်သက်တမ်း ၇ နှစ်ပြည့်တင်းတင်းပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

မင်္ဂလာသက်တမ်း ၇ နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်ကို ဇနီးမောင်နှံ ၂ ယောက်အတုတူကျင်းပခဲ့ပြီး ကျင်းပခဲ့ကြောင်းကိုလည်း အင်စတာဂရမ်ကနေတဆင့် အသိပေးဖော်ပြခဲ့ပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်မှာ “Happy anniversary, I love you” ဆိုပြီး ရေးသားထားတဲ့ ကိတ်မုန့်လေးကိုင်ဆောင်ပြီး ရိုက်ကူးထားတဲ့ ပုံရိပ်အချို့ကို Byul က သူမရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

ပုံရိပ်တွေနဲ့အတူ "ကျေးဇူးတော့တင်ပါတယ်။ ဒါပေမယ့် ဒီစာတွေကို ရှင်တကယ်ပဲ ရေးထားတာလား။ Dream လည်း ဒါကို တွေ့သွားတယ်ရှင့်" လို့ဆိုကာ ရေးသားပြီး ရယ်မောနေတဲ့သင်္ကေတပုံလေးတွေကိုလည်း ထပ်ပေါင်းထည့်ထားပါသေးတယ်။ ဒါ့အပြင် "မင်္ဂလာနှစ်ပတ်လည်"၊ "ပျော်ရွှင်စရာနှစ်ပတ်လည်"၊ "ကျေးဇူးပါ ယောကျာ်း"၊ "ပျော်ရွှင်ပါစေ"၊ "ကျွန်မတို့တွေ ဒတ်ခ်ျကို မသွားကြဘူးမလား"၊ "ကျွန်မမှာ ဘာပိုက်ဆံမှမရှိတော့ဘူးနော်" လို့လည်းဆိုကာ ချစ်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်းတဲ့ စာသားလေးတွေကိုလည်း ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။

သူငယ်ချင်းမိတ်ဆွေတွေအဖြစ်နဲ့ နှစ်ပေါင်းကြာမြင့်စွာ ခင်မင်ရင်းနှီးခဲ့ကြတဲ့သူတို့ ၂ ဦးဟာ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေတိုးပွားလာကာ ချစ်သူရည်းစားတွေအဖြစ်ကို ရောက်ရှိလို့လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လမှာတော့ HaHa က သူတို့ချစ်သူ ၂ ဦး လက်ထပ်ကြတော့မယ်ဆိုတာကို အသိပေးထုတ်ဖော်ပြောပြခဲ့ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ တရားဝင်လက်ထပ်ခဲ့ကြပြီး သားအကြီးလေးဖြစ်တဲ့ Dream ကိုတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယသားလေးဖြစ်တဲ့ Soul ကိုတော့ ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ကာ တတိယသမီးလေးဖြစ်တဲ့ Song ကိုတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သားသမီး ၃ ယောက်ကို ပိုင်ဆိုင်ရရှိထားပြီဖြစ်တဲ့ HaHa နဲ့ Byul တို့ ဇနီးမောင်နှံ ၂ ယောက် သက်ဆုံးတိုင်အထိ ရွှေလက်တွဲခိုင်မြဲသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။