နောက်နှစ်ဆိုရင် အသက် ၃၀ ပြည့်ကြတော့မှာဖြစ်တဲ့ Idol (၇) ယောက်

Posted on - Dec 2 []

Mia Zin

စာရေးသူ

တချို့သော K-pop Idol တွေဟာဆိုရင် ရောက်ရှိနေတဲ့ အသက်အရွယ်နဲ့မှ မလိုက်ဖက်အောင် ငယ်ရွယ်နုပျိုလွန်းကြသူတွေဖြစ်တယ်ဆိုတာကို ပရိသတ်တွေကိုယ်တိုင် သိထားပြီးဖြစ်ကြမှာပါ။ အခုဖော်ပြပေးကြမယ့် Idol တွေဟာဆိုရင် နောက်နှစ် ၂၀၂၀ မှာ ကိုရီးယားအသက်ရေတွက်မှုအရဆိုရင် အသက် ၃၀ ပြည့်ကြတော့မှာဖြစ်ပြီး ပရိသတ်တွေ အတော်များများကတော့ သူတို့တွေကို အသက် ၃၀ အရွယ်ရောက်ပြီလို့ ထင်မထားခဲ့ကြပါဘူး။ ၁၉၉၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး နောက်နှစ်မှာ အသက် ၃၀ ပြည့်ကြတော့မယ့် Idol တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦးနော်။

1. Red Velvet’s Irene

Red Velvet ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Irene ဟာဆိုရင် သူမရဲ့ နုပျိုမြစ်လွန်းပြီး ရင်သပ်ရှုမောချင်စရာကောင်းတဲ့ အလှတရားတွေကြောင့် ပရိသတ်တွေအကြားမှာ ပိုမိုလူသိများသူဖြစ်ပါတယ်။ သူမကိုတော့ ၁၉၉၁ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

2. EXO’s Suho

EXO ရဲ့ အဖွဲ့ခေါင်းဆောင် Suho ဟာဆိုရင် ကြည်လင်ရှင်းသန့်တဲ့ အသားအရည်နဲ့ အပြစ်ပြောစရာမရှိတဲ့ ချောမောခန့်ညားမှုတွေကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ Suho ကိုတော့ ၁၉၉၁ ခုနှစ် မေလ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

3. SHINee’s Minho

လက်ရှိအချိန်မှာ စစ်မှုထမ်းဆောင်နေတဲ့ SHINee အဖွဲ့ဝင် Minho ရဲ့ ယောကျာ်းပီသပြီး ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ အသွင်အပြင်ဟာဆိုရင်လည်း မိန်းကလေးပရိသတ်တွေအတွက် ရင်ခုန်ချင်စရာအတိပါပဲနော်။ Minho ကတော့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

4. AOA’s Jimin

AOA ရဲ့ Rapper တစ်ယောက်ဖြစ်တဲ့ Jimin ဟာဆိုရင်လည်း အသက် ၃၀ အရွယ်လို့မထင်မှတ်ရလောက်အောင် ငယ်ရွယ်နုပျိုမြစ်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူ Idol တစ်ယောက် ဖြစ်ပါတယ်။ သူမကိုတော့ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

5. Wanna One’s Jisung

Wanna One ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Jisung ကိုတော့ ၁၉၉၁ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဟာဆိုရင်လည်း အသက် ၃၀ အရွယ်လို့ မထင်မှတ်ရလောက်အောင် နုပျိုလွန်းသူုဖြစ်ပါတယ်။

6. BTOB’s Changsub

အမြဲတမ်းလိုလို ပျော်ပျော်ရွှင်ရွှင်နဲ့ စနောက်ကာ ဟာသတွေပြောပြီး မျက်နှာပြောင်တတ်လွန်းတဲ့ BTOB အဖွဲ့ဝင် Changsub ဟာဆိုရင်လည်း ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

7. WINNER’s Jinu

မိန်းကလေးတွေ အရှုံးပေးလောက်အောင် ချောရက်နိုင်လွန်းတဲ့ WINNER ရဲ့ Lead Vocalist ဖြစ်သူ Jinu ကိုတော့ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။