Ballon d'Or ဆု ဘယ်သူရရှိမလဲဆိုတာ ကွဲကွဲပြားပြား ပေါက်ကြားမှုဖြစ်ပွားခဲ့ပြီဖြစ်

Posted on - Dec 2 []

Gunner Ksr

စာရေးသူ

Ballon d'Or ဆုပေးပွဲကျင်းပဖို့က လိုသေးပေမယ့် အခုကတည်းက ဘယ်သူဆုရမလဲဆိုတဲ့အဖြေတစ်ခု တိတိကျကျ ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ 2019 Ballon d'Or ဆုပေးပွဲကို ဒီဇင်ဘာ ၂ ရက်(တနင်္လာနေ့ည)မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပပြုလုပ်သွားမှာပါ။ ပြင်သစ်မဂ္ဂဇင်းက ပေးအပ်ချီးမြှင့်တဲ့ 2019 Ballon d'Or ဆုကိုတော့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ လီဗာပူးနောက်ခံလူဗန်ဒိုက်ခ်ျတို့က ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။

မက်ဆီနဲ့ ဗန်ဒိုက်ခ်ျဟာ ပြီးခဲ့တဲ့နှစ်အတွင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ကြသူတွေဖြစ်လို့ ဒီရာသီတစ်ဦးချင်းဆုတံဆိပ်တွေမှာ အဓိက ယှဉ်ပြိုင်နေရသူတွေပါ။ ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုကို ဗန်ဒိုက်ခ်ျက ရရှိခဲ့ပြီး ဖီဖာကမ္ကာ့အကောင်းဆုံးဘောလုံးသမားဆုကိုတော့ မက်ဆီက ရရှိခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီအတွင်း တစ်ဦးချင်းစွမ်းဆောင်ရည် အကောင်းဆုံး ပြသထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ဆုဖလား ရယူခဲ့ရာမှာလည်း ဗန်ဒိုက်ခ်ျရဲ့စွမ်းဆောင်ရည်တွေက အလွန်အရေးပါခဲ့တာပဲ ဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ Ballon d'Or ဆု ဘယ်သူရရှိမလဲဆိုတာ ပေါက်ကြားလာခဲ့တာဖြစ်ပြီး ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီက (၄၄၆) မှတ်နဲ့ ဆုရရှိသွားလိမ့်မယ်လို့ သိရပါတယ်။ ပေါက်ကြားလာတဲ့စာရင်းအရ ဗန်ဒိုက်ခ်ျက (၃၈၂) မှတ်နဲ့ ဒုတိယနေရာမှာသာ ရှိနေတာပါ။

လီဗာပူးတိုက်စစ်ကစားမားဆာလတ်က (၁၇၉) မှတ်နဲ့ တတိယ၊ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုက (၁၃၃)မှတ်နဲ့ စတုတ္တနေရာတို့မှာသာ ရှိနေပါတယ်။ ဒီနေ့ညမှာ ကျင်းပမယ့်ဆုပေးပွဲမှာ မက်ဆီကပဲ အမှန်တကယ် ဆုရရှိသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

ပေါက်ကြားခဲ့တဲ့ Ballon d'Or ဆုရဲ့အဆင့်ရပ်တည်မှုဇယား

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။