မော်ရင်ညိုနဲ့ ပတ်သက်ပြီး ခပ်ဆန်းဆန်းစကားကို မကွယ်မ၀ှက်ပြောဆိုသွားခဲ့တဲ့ ဆွန်ဟောင်မင်

Posted on - Dec 2 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ကလပ်စပါးအသင်းရဲ့ တောင်ကိုရီးယားလက်ရွေးစင်ဆွန်ဟောင်မင်ဟာ နည်းပြသစ်မော်ရင်ညိုနဲ့ ပတ်သက်ပြီး ခပ်ဆန်းဆန်းစကားတစ်ခွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုး ရွားနေမှုတွေကြောင့် (၅) နှစ်ကြာ လက်တွဲလာခဲ့တဲ့ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ လမ်းခွဲခဲ့ပါတယ်။ ပိုချက်တီနိုဟာ စပါးကို ထိပ်တန်းအဆင့်ရောက်အောင် ဆွဲတင်ခဲ့သူဖြစ်လို့ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

စပါးဟာ ပိုချက်တီနိုရဲ့နေရာမှာ ကမ္ဘာကျော်ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ညိုနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ မော်ရင်ညို ကိုင်တွယ်ပြီးနောက်မှာ စပါးအသင်းဟာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူလာနိုင်ခဲ့ပြီး မော်ရင်ညို ကိုင်တွယ်ခဲ့တဲ့ (၃) ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရရှိထားခဲ့ပါတယ်။

ဒါကြောင့် စပါးဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၅) နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့တယ်။ အခုအခါမှာတော့ စပါးတိုက်စစ်ကစားသမားဆွန်ဟောင်မင်က နည်းပြသစ်မော်ရင်ညိုနဲ့ ပတ်သက်ပြီး ချီးကျူးပြောကြားသွားခဲ့တာပါ။

"မော်ရင်ညိုဟာ အလွန်ကြင်နာတတ်တဲ့သူပါ။ သူဟာ ပြုံးနေတတ်ပြီး ကစားသမားတွေကိုလည်း နောက်နောက်ပြောင်ပြောင်ပဲ ဆက်ဆံတတ်သူပါ။ သူ့ကိုကျွန်တော် သိပ်သဘောကျတာပေါ့။ ဒါကြောင့်ပဲ ကျွန်တော်တို့ အပေါင်းလက္ခဏာဆောင်ပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာပါ။

ပွဲမတိုင်ခင်မှာ အားလုံးရဲ့ပုံစံက အပေါင်းလက္ခဆောင်လာတယ်"လို့ ဆွန်ဟောင်မင်က ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး နည်းပြဟောင်းပိုချက်တီနိုနဲ့ ပတ်သက်ပြီးလည်း စိတ်မကောင်းဖြစ်မိကြောင်း ဆွန်ဟောင်မင်က ပြောကြားသွားခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။