ပုဂံမှာ လျှောက်လည်ခဲ့တဲ့ အလန်းစားပုံရိပ်တွေကို ချပြလိုက်တဲ့ သင်ဇာဝင့်ကျော်

Posted on - Dec 2 []

Myint Myat

စာရေးသူ

မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး မင်းသမီးတွေထဲက တစ်ဉီးဖြစ်တဲ့ သင်​ဇာဝင့်​ကျော်​က​တော့ လှပတဲ့ရုပ်​ရည်​နဲ့ ချစ်​စရာ​ကောင်းတဲ့ စိတ်​ထားကို ပိုင်​ဆိုင်​ထားသူ​လေးပါ။ စိတ်ဓာတ်ပြတ်သားပြီး လှပတယ်လို့ ပရိသတ်တွေက လက်ခံထားတဲ့ သင်​ဇာ​လေးက​တော့ လတ်​တ​လောမှာ ပုဂံသွားတုန်းက ရိုက်ကူးထားတဲ့ သူမရဲ့ အလန်းစားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အရမ်းလန်းပြီး ထင်ရှားနေတတ်တဲ့ သင်ဇာကတော့ ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံလေးနဲ့ အရမ်းကို ညှို့အားပြင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပုဂံမှာ လျှောက်လည်ရင်းပျော်နေတဲ့ အလန်းစား မိန်းမပျိုလေး သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာလေးကတော့ "Really had a great time there...thx u all 😘😘😘" ဆိုပြီး အရမ်းပျော်ခဲ့တယ်ဆိုတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီတဲ့ သင်ဇာကတော့ ဆွဲဆောင်မှုရှိတဲ့ ဂါဝန်လေးဝတ်ပြီး အထာကျကျဂေါ်နေတာပါနော်။

အရမ်းလန်းတယ် သင်ဇာရယ်...။

သင်​ဇာဝင့်​ကျော်​က​တော့ လတ်​တ​လောမှာ အနုပညာအလုပ်​တွေလုပ်​ရင်း အချစ်​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုကိုလုပ်​ကျွေးရင်း ဘဝကို​ပျော်​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်​ဇာ​လေးက​တော့ မကြာခဏဆိုသလို ပြည်​တွင်း၊ ပြည်​ပခရီး​တွေ ထွက်​လေ့ရှိပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း ပုဂံမှာ အရမ်းလန်းနေတဲ့ သင်​ဇာလေးကိုချစ်ရင် သူမရဲ့ပုံရိပ်တွေကို အချင်းချင်း​ဝေမျှလိုက်​ကြဖို့မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Thinzar Wint Kyaw's Facebook
Photo; Nay Min Tun

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။