ဆာလတ် ဘယ်အသင်းကို ပြောင်းသင့်သလဲဆိုတာ မှန်မှန်ကန်ကန် အကြံပေးသွားတဲ့ အီတူး

Posted on - Dec 2 []

Gunner Ksr

စာရေးသူ

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဆာလတ်ဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့ပြီးနောက်မှာအစွမ်းကုန် တောက်ပလျက်ရှိနေပါတယ်။ လီဗာပူးအနေနဲ့ ဆာလတ်ကို ပေါင် ၃၅ သန်းနဲ့ စတင်ခေါ်ယူတဲ့အချိန်တုန်းကတော့ ဆာလတစ်ယောက် ဒီလောက်အထိ ဖြစ်ထွန်းလာနိုင်မယ်လို့ ဘယ်သူမှမထင်ခဲ့ပါဘူး။ စတင်ရောက်ရှိပြီးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တော့လည်း တစ်ရာသီကောင်း ဆိုပြီး ဝေဖန်သူတွေက သမုတ်ခဲ့ကြပြန်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနိုင်ကာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၂) နှစ်ဆက်တိုက် ယူပြအပြီးမှာတော့ ဆာလတ်အပေါ် ဝေဖန်မှုတွေ တိတ်ဆိတ်သွားခဲ့ရပါတယ်။ ဆာလတ်ဟာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကို ပြသပြီး သက်သေပြထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဆာလတ်အနေနဲ့ နောင်တော်တွေရဲ့လမ်းစဉ်အတိုင်း လီဗာပူးအသင်းကနေထွက်ခွာပြီး လီဗာပူးထက်ပိုမြင့်တဲ့ ထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့သင့်ပြီလို့လည်း ပြောဆိုနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကင်မရွန်းဂန္ထ၀င်ကစားသမားအီတူးကလည်း ဆာလတ်ဘယ်အသင်းကိုပြောင်းသင့်သလဲဆိုတာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောကြားသွားခဲ့ပါတယ်။

"ဘာစီလိုနာအသင်းက ဆာလတ်နဲ့လုံးဝလိုက်ဖက်တဲ့အသင်းပါ။ တကယ်လို့ သူ့အနေနဲ့ ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်မှာ ကစားချင်တယ်ဆိုရင် စပိန်ကိုသွားပြီး ဘာစီလိုနာမှာ ကစားသင့်ပါတယ်"လို့ အီတူးကပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဆာလတ်ဟာ လီဗာပူးကနေ ထွက်ခွာမယ့်အရိပ်အယောင်ကို မမြင်တွေ့ရပေမယ့် ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ဘောလုံးလောကရဲ့ထုံးစံအတိုင်း လာမယ့်အပြောင်းအရွှေ့တွေ့မှာ ဆာလတ်အနေနဲ့ လီဗာပူးကနေ အီတူးအကြံပေးထားတဲ့အတိုင်း ပြောင်းရွှေ့သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။