ပန်းနုရောင်မြန်မာဝတ်စုံလေးနဲ့ ယဉ်စစလှနေတဲ့ ဆရာဝန်မလေး ပိုးမမှီသာ

Posted on - Dec 3 []

Rowena

စာရေးသူ

ချစ်စရာကောင်းပြီး တည်ငြိမ်အေးချမ်းတဲ့ အလှပိုင်ရှင်လေး ပိုးမမှီသာက ပရိသတ်တွေရဲ့ နှလုံးသားကို အေးမြစေသူလေးပါ။ ပိုးမမှီသာက ဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်ရစပြုနေတဲ့ မင်းသမီးလေးတစ်လက်ဆိုလည်း မမှားပါဘူး။ ပိုးမမှီသာရဲ့ အနုပညာလှုပ်ရှားမှုတွေကလည်း အခုဆိုရင် အဆက်မပြတ် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ဆရာဝန် မင်းသမီးပေါက်စလေး ပိုးမမှီသာကို ဒီနေ့မှာတော့ ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးနဲ့ ဆွေ့မြင်ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုးမမှီသာရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုးမမှီသာက ဘယ်တော့မဆို အမြင်မရိုင်းစေပဲ လူငယ်ဆန်ဆန် ပေါ့ပါးစွာတွေ့မြင်ရတတ်ပြီး အခုလို ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးနဲ့ဆိုတော့လည်း တစ်မျိုး အလှတိုးနေတာကို တွေ့ရပါတယ်။

ပိုးမမှီသာက အခုဆိုရင် အလုပ်သင်ဆရာဝန်မလေးတစ်ယောက် အဖြစ် တာဝန်ထမ်းဆောင်နေပြီး သူမ ဝါသနာပါရာ အနုပညာလုပ်ငန်းတွေကိုလည်း အားစိုက်လုပ်ကိုင်နေလျက်ရှိပါတယ်။

ပိုးမမှီသာကတော့ ပရိသတ်တွေရဲ့ နှလုံးသားကို အေးမြစေသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကြီးလည်း ပိုးမမှီသာရဲ့ ပုံလေးတွေကို ကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။

Rowena
Source: Poe Mahme Thar's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။