လေယာဉ်ပျံကြီးစီးပြီး ဖေဖေ၊ မေမေတို့နဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးထွက်ခဲ့တဲ့ ခေတ်နဲ့သစ်

Posted on - Dec 3 []

Rowena

စာရေးသူ

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေနဲ့ လင်းလင်းက လက်ရှိ ဒီဇင်ဘာ အားလပ်ရက်လေးမှာတော့ သမီးလေးနှစ်ယောက်နဲ့အတူတူ ခရီးသွားရင်း ပျော်ရွှင်စွာ လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကလည်း ဖေဖေ၊ မေမေနဲ့အတူတူ ပျော်ရွှင်စွာရှိနေတာကို တွေ့ရပါတယ်

ခေတ်နဲ့သစ်ကတော့ လေယာဉ်ပျံကြီးစီးပြီး ခရီးထွက်နေတာ မျက်နှာလေးတွေကို လန်းဆန်းနေတာပဲနော်။ ပရိသတ်ကြီးအတွက် ခေတ်နဲ့သစ်ရဲ့ ခရီးသွားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်သုဝေနဲ့ လင်းလင်းက သူတို့ရဲ့ အလုပ်တွေအားလပ်ချိန်၊ သမီးလေးတွေ ကျောင်းပိတ်ချိန်တွေမှာ ခရီးတွေထွက်ပြီး သမီးလေးနှစ်ယောက်ကို အချိန်ပေး ဂရုစိုက်နေကြတာ ဖြစ်ပါတယ်။

ခေတ်နဲ့သစ်ရဲ့ အားလပ်ရက်ခရီးစဉ်လေးကတော့ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတွေနဲ့ အရမ်းကို ပျော်စရာကောင်းမှာပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ခရီးသွားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Chit Thu Wai's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။