မက်ဆီဆုယူချိန်မှာ အလွန်ချစ်စရာကောင်းပြီး အားလုံးသဘောကျနေကြတဲ့ သားငယ်လေးမက်တီယိုရဲ့တုံ့ပြန်မှု

Posted on - Dec 3 []

Gunner Ksr

စာရေးသူ

ဖေဖေမက်ဆီတစ်ယောက် ဂုဏ်အယူရဆုံး Ballon d'Or ဆုကို လက်ခံရယူနေတဲ့အချိန်မှာ သားငယ်လေးမက်တီယိုရဲ့တုံ့ပြန်မှုက အလွန်ချစ်စရာကောင်းလွန်းနေခဲ့ပြီး ပရိသတ်တွေ သဘောအကျကြီး ကျခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ မနေ့ညမှာတော့ ဘောလုံးသမားတိုင်း အလိုချင်ဆုံးအိပ်မက်ဖြစ်တဲ့ Ballon d'Or ဆုကို (၆) ကြိမ်မြောက်အဖြစ် ရရှိခဲ့ပါတယ်။

ဒါကြောင့် မက်ဆီဟာ Ballon d'Or ဆုကို (၆) ကြိမ်မြောက် ရရှိတဲ့ ပထမဆုံးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး သူ့ရဲ့ဒီစံချိန်ကို လိုက်မီဖို့ တော်တော်လေး ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ လီဗာပူးနောက်ခံလူဗန်ဒိုက်ခ်ျ၊ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။

ဆုပေးပွဲမတိုင်ခင်ကတည်းက ဒီဆုကို မက်ဆီပဲ ရရှိလိမ့်မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းများစွာကိုလည်း ပြသထားခဲ့သူပါ။

မက်ဆီဟာ ဆုပေးပွဲကို သူနဲ့ဇနီးနဲ့အတူ သားငယ်လေးတွေကိုပါ ခေါ်ဆောင်လာခဲ့တာပါ။ မက်ဆီတစ်ယောက် ဆုတက်ယူနေတဲ့အချိန်မှာ စင်အောက်မှာရှိနေတဲ့ သားငယ်လေးမက်တီယိုက အားပါးတရခုန်ပေါက်မြူးတူးကာ အလွန်ဝမ်းမြောက်ပျော်ရွှင်ခဲ့တာ ဖြစ်ပါတယ်။

မက်တီယိုရဲ့ အဲဒီပုံစံကို ဘောလုံးပရိသတ်တွေအားလုံးက သဘောကျကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။ မက်တီယိုလေးကတော့ ဘောလုံးပရိသတ်တွေအားလုံးရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ခဲ့တယ်လို့ပဲ ဆိုရတော့မှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။