စီရော်နယ်ဒိုရဲ့အရှိုက်ကို လုံးဝထိမှန်သွားစေမယ့် စကားတစ်ခွန်းပြောပြီး ဒဲ့ဖိုက်လိုက်တဲ့ ဗန်ဒိုက်ခ်ျ

Posted on - Dec 3 []

Gunner Ksr

စာရေးသူ

လီဗာပူးနောက်ခံလူဗန်ဒိုက်ခ်ျရဲ့ ပြောစကားတစ်ခွန်းက စီရော်နယ်ဒိုအတွက်တော့ လုံးဝခံရခက်မှာဖြစ်ပြီး အရှိုက်ကို ထိမှန်သွားစေခဲ့တယ်လို့ ဆိုရမှာပါ။ 2019 Ballon d'Or ဆုပေးပွဲကိုတော့ တနင်္လာနေ့ညက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပသွားခဲ့တာပါ။ ဘောလုံးသမားတွေအားလုံးအတွက် အရေးပါတဲ့ဆုဖြစ်လို့ ကြယ်ပွင့်တွေ စုံစုံလင်လင်နဲ့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆုပေးပွဲမှာတော့ ဆန်ခါတင် (၃) ဦးစာရင်းဝင်ခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုတစ်ယောက် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ စီရော်နယ်ဒိုဟာ စီးရီးအေအကောင်းဆုံးဆုပေးပွဲကို တက်ရောက်နေတဲ့အတွက် Ballon d'Or ဆုပေးပွဲကို လွဲချော်ခဲ့တာပါ။

ဆုပေးပွဲမတိုင်ခင် သတင်းထောက်တွေက ဗန်ဒိုက်ခ်ျကို စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့တာပါ။ "စီရော်နယ်ဒို မတက်ရောက်တဲ့အတွက် ပြိုင်ဘက်တစ်ယောက်လျော့သွားပြီလား"လို့ မေးခဲ့တာပါ။

အဲဒီမှာ ဗန်ဒိုက်ခ်ျရဲ့ အဖြေစကားက စီရော်နယ်ဒိုအတွက် မခံချင်စရာဖြစ်ခဲ့တာပါ။ "စီရော်နယ်ဒိုက ကျွန်တော့်ရဲတကယ့်ပြိုင်ဘက်ဟုတ်ရဲ့လား"လို့ ဗန်ဒိုက်ခ်ျက ပြန်ဖြေခဲ့တာပါ။ ဗန်ဒိုက်ခ်ျဟာ ဒီစကားနဲ့ ပတ်သက်ပြီး ပရိသတ်တချို့ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

2019 Ballon d'Or ဆုကိုတော့ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီက ရရှိသွားခဲ့ပြီး ဗန်ဒိုက်ခ်ျက ဒုတိယ၊ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုက တတိယ အသီးသီး ရရှိသွားခဲ့ပါတယ်။

Ref: Give Me Sport

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။