တကယ့် ထာဝရအကောင်းဆုံးကစားသမားအစစ်အမှန်ကို တိတိကျကျ ပြောကြားလိုက်ပြီဖြစ်တဲ့ မက်ဆီ

Posted on - Dec 3 []

Gunner Ksr

စာရေးသူ

GOAT(ထာဝရအကောင်းဆုံးကစားသမား)လို့ တင်စားခံထားရတဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကတော့ တကယ့်ထာဝရအကောင်းဆုံးအစစ်အမှန်က ဘယ်သူလဲဆိုတာကို တိတိကျကျ ထုတ်ဖော်ပြောကြားသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘောလုံးလောကမှာ ထာဝရအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးမျိုး နှိုင်းယှဉ်မှုတွေနဲ့ အငြင်းပွားလျက်ရှိနေကြတာပါ။

အထူးသဖြင့် မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ယောက်ကို နှိုင်းယှဉ်မှုတွေ ပြုလုပ်ပြီး ဘယ်သူက ထာဝရအကောင်းဆုံးကစားသမားလဲဆိုတာ အငြင်းပွားလျက်ရှိနေကြတာပဲ ဖြစ်ပါတယ်။ တချို့ကလည်း တစ်ခေတ်တစ်ခါက ဂန္ထ၀င်ကစားသမားကြီးတွေဟာ မက်ဆီ၊ စီရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ ပြောဆိုကြပြန်ပါတယ်။

ဒါက ဘောလုံးလောကမှာ ဘယ်တော့မှ ပြီးပြတ်သွားခြင်းမရှိမယ့် အငြင်းပွားဖွယ်ရာကိစ္စတစ်ရပ်ပါပဲ။ ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီကတော့ AS နဲ့ တွေ့ဆုံရာမှာ သူ့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ ထာဝရအ ကောင်းဆုံးကစားသမားကို ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

မက်ဆီရဲ့အဖြေကတော့ ဘရာဇီးဂန္ထ၀င်ကစားသမားရော်နယ်ဒိုပဲ ဖြစ်ခဲ့ပါတယ်။ "ရော်နယ်ဒို(ဘရာဇီး)က အရမ်းကို ထူးခြားတဲ့ ကစားသမားဗျ။ ကျွန်တော့် တွေ့ဖူးသမျှတွေထဲမှာတော့ သူက အကောင်းဆုံးပါပဲ။ အရမ်းကို မှော်ဆန်တဲ့ ကစားသမားမျိုးပေါ့"လို့ မက်ဆီက ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးလောကမှာ လုံးဝချန်ထားလို့မရတဲ့ ဂန္ထ၀င်ကစားသမားကြီးဖြစ်ပြီး အားလုံးသဘောကျနှစ်သက်ရတဲ့ တိုက်စစ်မှူးတစ်ယောက်လည်း ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။