မိုက်ရူးရဲဆန်လွန်းတဲ့အမှားကြောင့် ဘောလုံးတစ်ချက်မှမထိလိုက်ရဘဲ အထုတ်ခံလိုက်ရတဲ့ တူရကီဂိုးသမား

Posted on - Dec 3 []

Gunner Ksr

စာရေးသူ

တူရကီလက်ရွေးစင်ဂိုးသမား Serkan Kirintili ကတော့ တကယ့်ကိုဆိုးရွားလွန်းစွာနဲ့ ထုတ်ပယ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေမှာ ဖြစ်ရပ်ပေါင်းများစွာက ကျွန်တော်တို့ကို ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းစမြဲဖြစ်ပါတယ်။ ဘောလုံးပွဲတွေကြောင့် ကျွန်တော်တို့ဟာ ပျော်ရွှင်ရတယ်။ ဘောလုံးပွဲတွေကြောင့် ကျွန်တော်တို့ဟာ ခံစားချက်မျိုးစုံ ဖြစ်ပေါ်ရတယ်။ ဘောလုံးပွဲတွေဟာ ကျွန်တော်တို့အတွက်တော့ အရာရာပဲ ဖြစ်ပါတယ်။

အခုအခါမှာလည်း ကွန်ယာစပေါ်အသင်းရဲ့ဂိုးသမား Serkan Kirintili ရဲ့ထူးဆန်းလွန်းတဲ့ ဖြစ်ရပ်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ကွန်ယာစပေါ်အသင်းနဲ့ မာလာတာစပေါ်အသင်းတို့ဟာ တူရကီပြည်တွင်းလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

အဲဒီပွဲစဉ်မှာ ကွန်ယာစပေါ်ဂိုးသမား Serkan Kirintili ဟာ ပွဲအစ (၁၃) စက္ကန့်မှာပဲ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပွဲစတယ်ဆိုတာနဲ့ ပြိုင်ဘက်မာလာတာစပေါ်အသင်းကစားသမားဟာ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ Serkan Kirintili ဟာ ဂိုးဧရိယာအပြင်ဘက်ကို ထွက်ကာ ရူးရူးမိုက်မိုက်နဲ့ ထွက်ဖမ်းခဲ့တာ ဖြစ်ပါတယ်။ Serkan Kirintili ရဲ့လုပ်ရပ်ဟာ တကယ့်ကို စိတ်ပျက်စရာကောင်းလွန်းပြီး မဖြစ်သင့်တဲ့အမှားလို့ ဆိုရမှာပါ။ ဒါကြောင့် ကွင်းလယ်ဒိုင်က သူ့ကို ပွဲအစ (၁၃) စက္ကန့်မှာပဲ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။