နည်းပြရာထူးနဲ့ ပတ်သက်ပြီး ကြားရသူတိုင်း လုံး၀၀မ်းနည်းသွားစေမယ့် စကားဆိုလိုက်တဲ့ ဆိုးလ်ရှား

Posted on - Dec 4 []

Gunner Ksr

စာရေးသူ

သူ့ရဲ့ရာထူးအခြေအနေနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားတစ်ယောက် မန်ယူကစားသမားတွေကို ပြောကြားခဲ့တဲ့စကားတစ်ခွန်းပေါက်ကြားလာခဲ့ရာမှာတော့ သူ့ရဲ့ပြောစကားက ကြားရသူတိုင်း သနားသွားစေမယ့်အထိ ခံစားချက် ပြင်းထန်လွန်းတာ တွေ့ရပါတယ်။ မန်ယူအသင်းဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်ပြီး ဂန္ထ၀င်ကစားသမားဟောင်းဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့အချိန်တုန်းမှာ ဆိုးလ်ရှားဟာ ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့လို့ မန်ယူအသင်းဟာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အမြဲတမ်းနည်းပြစြဖ်လာပြီးနောက်ပိုင်းမှာ ဆိုးလ်ရှားရဲ့ မန်ယူဟာ ရလဒ်တွေ ဆက်တိုက်ကျဆင်းလာခဲ့တယ်။

လက်ရှိရာသီမှာလည်း မန်ယူအသင်းဟာ ဆိုးရွားတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်နေရပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် (၂၀) ကျော်ကွာဟနေရုံမက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် မန်ယူအသင်းအနေနဲ့ ဆိုးလ်ရှားကို ထုတ်ပယ်တော့မယ့်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မန်ယူအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲမှာ စပါး၊ မန်စီးတီးအသင်းတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာပါ။ အဲဒီ (၂) ပွဲမှာ ရလဒ်မကောင်းခဲ့ရင် သူ့အနေနဲ့ မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ ဆိုးလ်ရှားက ကစားသမားတွေကို ဆိုခဲ့ကြောင်း အတွင်းလူတစ်ဦးက ပြောကြားခဲ့ပါတယ်။

" အိုလီက စပါးနဲ့ပွဲမှာ သူ့ကစားသမားတွေ သေချာအာရုံစိုက်ဖို့ မှာထားတယ်။ တကယ်လို့ စပါးနဲ့ မန်စီးတီးပွဲမှာ ရှုံးခဲ့ရင် သူအထုတ်ခံရတော့မယ်လို့ ပြောခဲ့ပါတယ်"လို့ မန်ယူအတွင်းလူတစ်ဦးက ဖောက်သည်ချသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအနေနဲ့ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်မလား။

Ref: Give Me Sport

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။