အရှိန်လွန်ပြီး မော်ရင်ညိုရဲ့ အောက်ခြေပိုင်းကို ၀င်တိုက်မိခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ကြောင့် ပရိသတ်တွေ ပွဲကျ

Posted on - Dec 5 []

Gunner Ksr

စာရေးသူ

မန်ယူနဲ့ စပါးတို့ပွဲစဉ်က စပါးနည်းပြမော်ရင်ညိုနဲ့ မန်ယူတိုက်စစ်ကစားသမားဒန်နီရယ်ဂျိမ်းစ်တို့အကြား ဖြစ်ရပ်တစ်ခုကလည်း တကယ့်ကို ပွဲကျစရာ ဖြစ်ခဲ့တာပါ။ မန်ယူနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) မှာတော့ အိမ်ရှင်မန်ယူအသင်းက အိုးထရက်ဖို့ဒ်မှာပဲ စပါးကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြဆိုးလ်ရှားရဲ့ နည်းပြရာထူးနေရာအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်လို့ မန်ယူအသင်းဟာ ဒီပွဲစဉ်မှာ ဖိဖိစီးစီးနဲ့ ကစားသွားခဲ့တာပါ။ Big Game Plan ကောင်းတဲ့ဆိုးလ်ရှားဟာ ဒီပွဲစဉ်မှာလည်း စပါးကို အကောင်းဆုံး ထိန်းချုပ်ကစားပြီး စွမ်းဆောင်ရည်ကောင်းကို ပြခဲ့တာပါ။

စပါးကတော့ ခံစစ်လိုအပ်ချက်တွေ ရှိနေခဲ့ပြီး မော်ရင်ညိုအနေနဲ့ အသင်းကို ပြင်ဆင်စရာတွေ အများကြီး ရှိနေသေးတာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်းမှာ ပရိသတ်တွေ ပွဲကျစရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တာကို တွေ့မြင်ရပါတယ်။

အဲဒါကတော့ စပါးကွင်းလယ်လူဟယ်ရီဝင့်ခ်အနေနဲ့ ဒန်နီရယ်ဂျိမ်းစ်ကို ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ရာမှာတော့ ဒန်နီရယ်ဂျိမ်းစ်ဟာ အရှိန်လွန်ပြီး ကွင်းဘေးစည်းမှာ ရပ်နေတဲ့ စပါးနည်းပြမော်ရင်ညို အောက်ခြေပိုင်းကို ၀င်တိုက်မိခဲ့တာပါ။

ဒီဖြစ်ရပ်ကို ပရိသတ်တွေက သတိထားမိခဲ့ကြပြီး လှုမှုကွန်ရက်မှာ အရွှန်းဖောက်ကျီစယ်ခဲ့ကြပါတယ်။ "ဂျိမ်းစ်ရဲ့ခေါင်းက သူ့ဒူးခေါင်းကိုပဲ ထိသွားတာ မော်ရင်ညို ကံကောင်းတယ်" "၀င့်ခ်က မော်ရင်ညိုနဲ့ ဂျိမ်းစ်နှစ်ယောက်စလုံးကို ဒဏ်ရာရအောင် လုပ်လိုက်တာပဲ"စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။

ဟယ်ရီဝင့်ခ်ရဲ့ ဖျက်ထုတ်မှုကြောင့် အရှိန်လွန်ပြီး ဂျိမ်းစ်တစ်ယောက် မော်ရင်ညိုရဲ့ အောက်ခြေပိုင်းကို ၀င်တိုက်မိနေစဉ်

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။