မန်ယူအသင်း အနိုင်ရသွားခဲ့တဲ့ အဓိကအကြောင်းရင်းကို မကွယ်မ၀ှက် ထုတ်ဖော်ပြောကြားလိုက်တဲ့ မော်ရင်ညို

Posted on - Dec 5 []

Gunner Ksr

စာရေးသူ

စပါးနည်းပြမော်ရင်ညိုဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအနေနဲ့ သူတို့အသင်းကို ဘာကြောင့် အနိုင်ရရှိသွားခဲ့သလဲဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားသွားခဲ့တာပါတယ်။ မန်ယူနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) မှာတော့ အိမ်ရှင်မန်ယူအသင်းက အိုးထရက်ဖို့ဒ်မှာပဲ စပါးကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

နည်းပြသစ်မော်ရင်ညိုလက်ထက်မှာ နိုင်ပွဲဆက်နေတဲ့ စပါးအသင်းဟာ ဒီပွဲစဉ်မှာတော့ ရုန်းကန်ခဲ့ရပြီး မန်ယူကို မယှဉ်နိုင်ကာ အရှုံးပေးခဲ့ရတာပါ။ ဒီပွဲစဉ်မှာ မန်ယူအတွက် အထူးခြေစွမ်းပြသွားတာကတော့ အဓိကတိုက်စစ်မှူးရက်ဖို့ဒ်ပဲ ဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ ဒီပွဲစဉ်မှာ မန်ယူအသင်း ရရှိခဲ့တဲ့ အနိုင်ဂိုး (၂) ဂိုးစလုံးကို သွင်းယူပေးခဲ့တာပါ။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး မော်ရင်ညိုက "ဒုတိယပိုင်း စစချင်းမှာပဲ ဂိုးပေးလိုက်ရပြီးနောက်မှာ ပွဲကိုထိန်းချုပ်ဖို့ ခက်ခဲသွားခဲ့ပြီ။ ကျွန်တော့်ကစားသမားတွေဟာ အသင့်ဖြစ်မနေခဲ့ဘူး။

ရက်ဖို့ဒ်တစ်ယောက် ဂိုးဧရိယာထဲ ဆွဲပြေးလာတဲ့အချိန်မှာတော့ ဖျက်ထုတ်နိုင်ဖို့ ခက်ခဲသွားပြီ။ ရက်ဖို့ဒ်ဟာ ပါးနပ်လွန်းပြီး သူ့ကိုဖျက်ထုတ်မယ့်အချိန်ကို စောင့်နေခဲ့တယ်။ ပထမပိုင်းမှာတော့ မန်ယူဟာနိုင်လိုစိတ်ပြင်းထန်စွာ ကစားခဲ့တယ်။ ၂-၀ တောင် ဖြစ်သွားနိုင်တဲ့အခြေအနေမျိုး။

ဒုတိယပိုင်း အစမှာ ဂိုးရသွားတာဟာ သူတို့စိတ်ကြိုက် ကစားသွားနိုင်ခဲ့တယ်"လို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီပွဲစဉ်မှာ ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယားအဆင့် (၈) နေရာအထိ ပြန်လည်ဆင်းပေးလိုက်ရပြီ ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။