အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ လုံးဝရင်သပ်ရှုမောဖွယ်ရာကောင်းလွန်းတဲ့ ဆာလတ်ရဲ့ အမိုက်စားဂိုး

Posted on - Dec 11 []

Gunner Ksr

စာရေးသူ

လီဗာပူးတိုက်စစ်မှူးဆာလတ်ရဲ့ ထောင့်ဖြတ်အနေအထားကကန်သွင်းယူသွားတဲ့ဂိုးကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ ကောင်းလွန်းတယ်လို့ ဆိုရမှာပါ။ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ရဲ့ ပထမနေ့ပွဲစဉ်တွေကို မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။ လုံးဝအမှားခံလို့မရတော့တဲ့ ပွဲစဉ်တွေဖြစ်လို့ အသင်းတိုင်းဟာ အားထုတ်ကစားသွားခဲ့ပြီး ပွဲစဉ်တိုင်းဟာ အကြိတ်အနယ်ရှိခဲ့တာကို တွေ့ရပါတယ်။

ဆောဘတ်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ကလည်း အကြိတ်အနယ်ရှိခဲ့ပြီး လီဗာပူးက (၀-၂)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ရှုံးနိမ့်လို့မရတဲ့ အခြေအနေဖြစ်လို့ အဓိက ကစားသမားအစုံအလင်နဲ့ပဲ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အိမ်ရှင်ဆောဘတ်ရဲ့ တုံ့ပြန်ပုံကြောင့် လီဗာပူးတို့ ခက်ခဲခဲ့ပြီး ဒုတိပိုင်းမှာမှ ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။ လီဗာပူးအတွက် အနိုင်ဂိုးတွေကိုတော့ (၅၇) မိနစ်မှာ ကီတာနဲ့ (၅၈) မိနစ်မှာ ဆာလတ်တို့က ဆက်တိုက် သွင်းယူသွားခဲ့တာပါ။

အထူးသဖြင့် ဆာလတ်သွင်းယူသွားခဲ့တဲ့ဂိုးကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာကောင်းလွန်းခဲ့တာ တွေ့ရပါတယ်။ ဆာလတ်ဟာ ထောင့်ဖြတ်အနေအထားကနေ ဆာလတ်ဟာ ဆောဘတ်ဂိုးသမားကိုကျော်ဖြတ်ကာ ထောင့်ဖြတ်အနေအထားကနေ လုံးဝလက်ဖျားခါချင်စရာကောင်းတဲ့ပုံစံမျိုးနဲ့ သွင်းယူသွားခဲ့တာပါ။

ဒီဂိုးဟာ ဘောလုံးပရိသတ်တွေကြားမှာ နာမည်ကြီးနေပြီး လီဗာပူးပရိသတ်တွေကတော့ "မဖြစ်နိုင်တဲ့ အလှပဆုံဂိုးတွေကို သွင်းတတ်သူကို ဆာလတ်လို့ခေါ်တယ်"လို့ တင်စားနေကြပါတယ်။ ဆာလတ်ရဲ့ဂိုးက တကယ့်ကို လှပသေသပ်လွန်းနေတာ အမှန်ပါပဲ။

ဆောဘတ်ဂိုးသမားကို ကျော်ဖြတ်ပြီး ထောင့်ဖြတ်အနေအထားကနေ ဆာလတ်ဂိုးသွင်းယူနေစဉ်

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။