ဆာလတ်ဂိုးသွင်းပြီးချိန်မှာ ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲခဲ့တဲ့ ဟာလန်းရဲ့လုပ်ရပ်

Posted on - Dec 11 []

Gunner Ksr

စာရေးသူ

ဆာလတ်ဂိုးသွင်းပြီးချိန်မှာ ဆောဘတ်လူငယ်တိုက်စစ်မှူးဟာလန်းဟာ အမျက်ဒေါသလုံးဝထွက်သွားခဲ့တာပါ။ ဆောဘတ်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်က တကယ့်ကို အကြိတ်အနယ်ရှိခဲ့တာပါ။ ဒီပွဲစဉ်က ဆောဘတ်အတွက် နောက်တစ်ဆင့်တက်ဖို့ အလွန်အရေးပါတဲ့ပွဲစဉ်လည်း ဖြစ်ပါတယ်။ တကယ်လို့ ဒီပွဲမှာသာ အနိုင်ရခဲ့ရင် နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

ဆောဘတ်အသင်းဟာ အနိုင်ရဖို့အတွက် ကြိုးစားခဲ့ပေမယ့်လည်း လီဗာပူးကို မယှဉ်နိုင်ကာ အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ဆောဘတ်အသင်းဟာ ဒီပွဲကို အနိုင်ကစားဖို့အတွက် ရည်မှန်းထားခဲ့တာပဲ ဖြစ်ပါတယ်။

(၅၈) မိနစ်မှာ ဆာလတ်က လီဗာပူးအတွက် အနိုင်သေချာစေမယ့်ဂိုး သွင်းယူလိုက်ချိန်မှာတော့ ဆောဘတ်ရဲ့မျှော်လင့်ချက်တွေ အငွေ့ပျံသွားခဲ့ရပါတယ်။ ဒီဂိုးဟာ ဆောဘတ်ရဲ့အိပ်မက်တွေကို ဆုံးသတ်လိုက်တဲ့ဂိုးဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့် ဒီဂိုးသွင်းယူလိုက်ချိန်မှာ ဆောဘတ်တိုက်စစ်မှူးဟာလန်းက လုံးဝဟေဒါသထွက်သွားခဲ့ပြီး ပေါက်ကွဲခဲ့တာ တွေ့ရပါတယ်။ ဟာလန်းဟာ အရန်ခုံတန်းကနေ ရေဘူးကို တောင်းလိုက်ပြီး အဲဒီရေဘူးကို လွှင့်ပစ်ကာ ပေါက်ကွဲခဲ့တာပါ။

ဟာလန်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက်ပြသနေပြီး အတောက်ပဆုံးလူငယ်အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်က ထွက်ခွာလိုက်ရချိန်မှာ ဟာလန်းဟာ လုံးဝပေါက်ကွဲခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။